Pages

Pages - Menu

Saturday, August 9, 2014

ပေါင်းတည်တွင် န၀မတန်းကျောင်းသားတစ်ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံရ

RangonNewsDaily:: August . 9 .2014
ပေါင်းတည်မြို့နယ်၊ မှတ် တိုင်အုပ်စုတွင် အသက်ဆယ့် လေးနှစ်အရွယ် န၀မတန်း ကျောင်းသားတစ်ဦးကို ချွန်ထက်သောအရာဖြင့် အချက်ပေါင်း များစွာထိုးသတ်ကာ အဆိုပါ ကလေး၏ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်ကို လုယက်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိ သည်။

‘‘ကလေးက သူ့ဆရာမအိမ် ကို စာကျက်သွားမယ်ဆိုပြီး ထွက် သွားတာ။ ည ၁၂ နာရီထိုးတဲ့အ ထိ ပြန်မလာလို့ လိုက်ရှာကြမှ နှမ်းခင်းထဲမှာ အသတ်ခံထားရ တာတွေ့တယ်’’ဟု မှတ်တိုင် ကျေးရွာအုပ်စု ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ် ၆ ရက် ညနေတွင် မှတ်တိုင် အထကမှ န၀မတန်း ကျောင်းသား မောင်စိုးလင်း အောင်သည် ၎င်း၏ ဆရာမနေ အိမ်သို့ စာကျက်မည်ဟုဆိုကာ ထွက်သွားခဲ့ကြောင်း ည ၁၂ နာရီအထိ အိမ်ပြန်မလာသဖြင့် မိဘများက ဆရာမအိမ်သို့ သွားရောက် မေးမြန်းခဲ့ရာ ဆရာမနေအိမ်သို့ မောင်စိုးလင်းအောင် ရောက် မလာကြောင်း သိရသဖြင့် လိုက် လံရှာဖွေခဲ့ရာ မှတ်တိုင်ရွာနှင့် ဖိုးခေါင်ရွာကြားရှိ လမ်းဘေး နှမ်းခင်းတစ်ခုအတွင်း ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း၊ သေဆုံးသူတွင် ချွန်ထက်သော လက်နက်ဖြင့် ကျော

ကုန်းတွင် ထိုးသွင်းဒဏ်ရာ ၁၇ ချက်၊ ၀မ်းဗိုက်၊ ရင်အုံထိုးသွင်း ဒဏ်ရာ ၉ ချက်နှင့် မျက်နှာဖူး ရောင်ဒဏ်ရာများရရှိကာ သေဆုံးနေကြောင်း ရဲစခန်းမှတ်တမ်းများ မှ သိရသည်။

သေဆုံးသူ မောင်းနှင်သွား သော ဟွန်ဒါဝေ့ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းမှာလည်း ပျောက်ဆုံးနေသဖြင့် ပေါင်းတည်နယ်မြေ ရဲစခန်းမှ (ပ) ၁၅၅/၂၀၁၄ လူသတ်လုယက်မှု၊ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံမှာ ထွက်ပြေး လွတ်မြောက်နေသဖြင့် ဖမ်းဆီးရ မိရန် ဆောင်ရွက်နေကြောင်း သိရသည်။

‘‘တရားခံက ပစ္စည်းတွေယူ ပြီး ထွက်ပြေးတိမ်ရှောင်သွား တယ်။ မည်သူမည်ဝါမသိသေးပါ ဘူး။ တရားခံကို မိဖို့စုံစမ်းဆဲပါပဲ’’ ဟု ပေါင်းတည်နယ်မြေရဲစခန်း မှူးကပြောသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment