Pages

Pages - Menu

Saturday, August 23, 2014

ဖားကန့်ကျောက်စိမ်းတွင်းများတွင် ဆက်ကြေးမကောက်ရန် မပခမှ ကေအိုင်အေသို့ ပြောကြားထား


RangonNewsDaily:: August . 22 .2014
ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်များပြန်လည်လုပ် ကိုင်ခွင့်ပြုရာတွင် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရန် ယင်းဒေသ
ရှိ ကေအိုင်အေတပ်ဖွဲ့များအား ဆက်ကြေးမကောက်ရန် ပြော ကြားထားကြောင်း မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (မပခ)မှ ထိပ် တန်းအရာရှိတစ်ဦးက ပြော သည်။
တစ်လတစ်ကြိမ် ပြုလုပ် သော အစိုးရနှင့် ကေအိုင်အို ပဋိ ပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့အ စည်းအဝေးတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်းအထက်ပါအရာရှိကဆိုသည်။

‘‘ဆက်ကြေးကောက်တာ တွေကို ကေအိုင်အေကလုပ် ကောင်း လုပ်လာနိုင်ပါတယ်။ ဒါ ကို မလုပ်ဖို့ပြောတာ။ တကယ်လို့ လုပ်လို့ရှိရင် နယ်မြေ၀င်ရောက် ရှင်းလင်းမှုတွေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်’’ဟု မပခထိပ်တန်း အရာရှိကပြောသည်။

တိုက်ပွဲများကြောင့် ၂ နှစ် ကျော်ပိတ်ထားခဲ့သော ဖားကန့် ဒေသရှိကျောက်စိမ်းလုပ်ကွက် များကို စက်တင်ဘာ ၁ ရက်တွင် ပြန်လည်လုပ်ကိုင်ခွင့် ပြုတော့မည် ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ် ၈ ရက်နှင့် ၁၀ ရက်များက ဖားကန့် ဒေသရှိ စဘော့မှော်အနီးတွင် အစိုးရတပ်နှင့် ကေအိုင်အေတို့ ကြားတိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့သည်။ လက်ရှိအချိန်တွင် တိုက် ပွဲများငြိမ်သက်နေသော်လည်း နှစ်ဖက်တပ်အင်အားတိုးချဲ့ထား ကြောင်း ဒေသခံများက ပြော သည်။

ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ အစိုးရတပ်မှ ငြိမ်း ချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ်ကာလအတွင်း နယ်မြေစိုးမိုး မှုရယူရန် ကြိုးစားခြင်းကြောင့် ပြန်လည်ဖြစ်ပွားခဲ့ရကြောင်း ကေအိုင်အေသတင်းရင်းမြစ်များ ကဆိုသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment