Pages

Pages - Menu

Saturday, August 23, 2014

ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးတို့ရှိ ခန့်မှန်းမြေဧက ၃၀၀၀၀ ပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မည်၊ တန်ဖိုးနည်းအိမ်ရာများကဲ့သို့ ခရိုနီတို့်၏ စားကွက်သာဖြစ်မည်ကို လူအများစိုးရိမ်

ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းအား မြင်တွေ့ရစဉ်
RangonNewsDaily:: August . 23 .2014
ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့ နယ်များအတွင်းရှိ မြေဧက ၃ဝဝဝဝ ပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဩဂုတ် ၂၂ ရက်တွင်ပြု

လုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်အဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြား
သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့ပေးပို့သော ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်သည့် သဝဏ်လွှာ
ကို ဝန်ကြီးချုပ်အစား မြို့တော်ဝန်က ဦးလှမြင့်က ဖတ်ကြားတင်သွင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများ လျင်မြန်စွာဖွံ့ဖြိုးလာမှုကြောင့် မြို့ဧရိယာတိုးချဲ့ပေးရန် လိုအပ်

လာကြောင်း၊ ထို့ကြောင့်လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူး မြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းကြား မြေနေရာများကို လျာထားပြီး ယင်းမြေနေရာမှာ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်
တိုနှင့် တွံတေးမြို့နယ်များတွင် တည်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

မြို့သစ်စီမံကိန်းပြုလုပ်မည့် မြေများတွင် မြေအမျိုးအစား အမျိုးမျိုးပါဝင်ကြောင်း၊ လယ်ယာမြေလည်းပါဝင်ခဲ့၍ တည်ဆဲ

လယ်ယာမြေ ဥပဒေပုဒ်မ ၂၉ အရ နိုင်ငံတော်၏ ရေရှည်အမျိုးသား အကျိုးစီးပွားအလို့ငှာ လယ်ယာမြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍ မြို့မြေအဖြစ်သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန်၏ ပြောကြားချက်အရ သိရသည်။

“ရန်ကုန်မြို့သစ် စီမံကိန်းလျာထား နေရာအား မြို့မြေအဖြစ်သတ်မှတ်ပြီးပါက မြေပိုင်ရှင်များ၊ စီပွားရေးလုပ်ငန်းရှင်များ၊ စိတ်ဝင်စားသည့် နိုင်ငံသားလုပ်ငန်းရှင်များ စုစည်းထားသည့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီလီမိတက်အား တာဝန်ပေး အပ်ရန် စီမံထားပါတယ်။ စီမံကိန်း အကောင်အထည်ဖော်မည့်အပေါ် ဒေသခံပြည်သူလူထု၏ သဘောတူညီချက်ကိုလည်း ရရှိထားပြီး ဖြစ်ပါတယ်။


နည်းစနစ်ကျနမှုနဲ့ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်များလည်း ခိုင်မာမှုရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဒီစီမံကိန်းနဲ့ ပတ်
သက်လို့ ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာတွင် မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် စီမံကိန်းသတင်း
လုံခြုံမှုကို ကန့်သတ်ခဲ့ရခြင်းဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

အဆိုပါစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ငွေကျပ်ဘီလျံ ၇ဝဝဝ နှင့် အမေရိကန်ဒေါ်လာ ၈ ဘီလျံရှိမည်ဖြစ်ပြီး စီမံကိန်းအား သုံးနှစ်အတွင်း ၇ဝ ရာခိုင်နှုန်း ပြီးစီးအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြော

ကြားသည်။

စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီက အဆင့်မြင့်တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂ဝဝဝဝ၊ မိဘမဲ့ကလေး

ဦးရေ ၂ဝဝဝ အဆင့်မြင့် ကျောင်းတစ်ကျောင်း၊ ဘိုးဘွား ၂ဝဝဝ ဆံ့ အဆင့်မြင့်ရိပ်သာတစ်ခု၊ ခြောက်လမ်းသွား မြစ်
ကူးတံတားငါးစင်း (တံတားကြေး လုံးဝမကောက်ခံ) ကို နိုင်ငံတော်သို့ ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း၊ စီမံကိန်းဒေ
သအတွင်းရှိ လယ်ယာလုပ်ကိုင်သူများ၊ ကျေးရွာငယ်များတွင် နေထိုင်သူများ နစ်နာမှုမရှိစေရေးနှင့် လူနေမှုဘဝ မြှင့်
တင်ရေးအတွက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြေသိမ်းမှုကိစ္စအပေါ် ကုမ္ပဏီက လုံးဝတာဝန်ယူညှိနှိုင်း ဖြေရှင်း
မည်ဖြစ်ကြောင်း၊ မြို့သစ်၏လျှပ်စစ်မီး၊ ရေရှိရေးလုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေးအတွက် ပန်းခြံအသေးစား၊ ကလေးက
စားကွင်း စသည်တို့လည်း လုံလောက်စွာ ထားပေးမည်ဖြစ်ပြီး မီးဘေးလုံခြုံရေးလည်း စီစဉ်ပေးကြောင်း ရန်ကုန်မြို
့တော်ဝန်က ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ဩဂုတ် ၂ဝ ရက်က ကျင်းပသည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ပထမ ၄ လပတ် အစည်းအဝေးတွင် “ယခုဆောင်ရွက်နေသည့် Effortable Housing Project ကို လုပ်ဆောင်ပေးရာတွင် ရန်ကုန်၊ မန္တလေးကိုသာ ဦးစားပေးမနေဘဲ အခြားမြို့ကြီးများဖြစ်သည့် တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေ စသည့်မြို့များကိုပါ ဆင်းရဲနွမ်းပါးသူများ၊ အိုးမဲ့အိမ်မဲ့များ နေထိုင်နိုင်အောင် သက်သာသောဈေးနှုန်းများနှင့် Public Housing Project များကို ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း” ဟူ၍ အိမ်ရာစီမံကိန်းများ ထပ်မံဖော်ဆောင်ရန် ပြောကြားသွားသည်။

ယင်းအပြင် ဩဂုတ် ၁၅ ရက်က ကျင်းပသည့် မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား မြေအသုံးချမှုမူဝါဒနှင့်အညီ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က “မြေကစားမှုနှင့်အတူ မြေဈေးနှုန်းများ အဆမတန် မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ငွေကြေးကြွယ်ဝသူများ အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြရမည့်အစား၊ ကား၊ မြေ၊ ဘဏ်လုပ်ငန်း၊ အဆောက်အအုံ ရောင်းချသည့် လုပ်ငန်းများတွင်သာ ပိုမိုရင်းနှီးမြှုပ်နှံနေကြကြောင်း၊ ထို့အတွက် မြေဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခက်ခဲတုံ့ဆိုင်းလာခြင်း၊ ငွေကြေးဖောင်းပွမှု အန္တရာယ်များကို ကြုံတွေ့လာနိုင်သည့်အတွက် ကိုယ်ကျိုးနှင့် အမျိုးသားအကျိုးစီးပွားကို ချိန်ဆလုပ်ကိုင်ကြရန်လိုသည်” ဟု ပြောကြားသည်။

အများပြည်သူအတွက် အိမ်ရာများ ထပ်ဆောက်မည်ဟု ဆိုသော်လည်း တန်ဖိုးနည်းအိမ်ရာ ခေါင်းစဉ်တပ်ပြီး ပြည်သူလက်လှမ်းမမီသည့် တစ်ခန်းကျပ်သိန်း ၃ဝဝ နီးပါးအထိ မြင့်မားသောဈေးဖြင့် ရောင်းချရန် စီစဉ်ခဲ့မှုများရှိခဲ့ရာ တန်ဖိုးနည်းအိမ်ရာ ဟုဆိုလျှင် တည်ဆောက်ခွင့်ရသော ခရိုနီလုပ်ငန်းရှင်များ အတွက်သာ ကောင်းစားပြီး ပြည်သူများအတွက် မသက်သာသော အိမ်ရာစီမံများ ဖြစ်လာမည်ကိုလည်း ပြည်သူများက စိုးရိမ်လျက်ရှိနေကြသည်။

ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် အစီအစဉ်ကို သမ္မတရုံးခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂ဝ၁၂ ခုနှစ် နှစ်အတွင်း စတင်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းဖြင့် တိုက်ခန်းပေါင်း ၁ဝဝဝဝ ကျော်အား ဆောက်လုပ်ရန် ဧရာဝဏ် နှင့် ရတနာအိမ်ရာ စီမံကိန်းများကို ရွှေတောင်၊ ACE၊ ဒဂုံအင်တာနေရှင်နယ်၊ A1၊ Original ကဲ့သို့ အခွင့်အရေးများစွာရသော ခရိုနီကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၂ဝ ဝန်းကျင်ကို တည်ဆောက်ခွင့်ပေးခဲ့ကြောင်း သိရသည်။

တန်ဖိုးနည်းအိမ်ရာ ခေါင်းစဉ်ဖြင့် ခရိုနီကုမ္ပဏီများကို တည်ဆောက်ခွင့်ပေးခဲ့ပြီးနောက် မကြာမီ အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၃ဝဝ ဝန်းကျင်အထိ မြင့်မားသောဈေးဖြင့် ရောင်းချမည့် အခန်းများပါ ပါဝင်သည်ဟု သတင်းထုတ်ပြန်ခဲ့ကြသည်။

ယင်းကဲ့သို့ တန်ဖိုးနည်းအိမ်ရာဟူသော ခေါင်းစဉ်ဖြင့် ကျပ်သိန်း ၃ဝဝ ဝန်းကျင်အထိ ဈေးနှုန်းရှိသောတိုက်ခန်းများ ဆောက်လုပ်ရောင်းချရန် စီစဉ်မှုအပြီး၌ ရန်ကုန်မြို့တွင်းရှိ တာမွေ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ အစရှိသည့်နေရာများမှ ကန်ထရိုက်တိုက်ခန်း ဈေးနှုန်းများမှာ မူလကျပ်သိန်း ၁ဝဝ-၂၅ဝ ခန့်မှ ယခုအခါ ကျပ်သိန်း ၂၅ဝ မှ ၆ဝဝ ခန့်အထိ နှစ်ဆခွဲ သုံးဆခန့် မြင့်တက်ခဲ့သည်။ ထို့အတူ မူလက တန်ဖိုးကျပ်သိန်း ၈ဝဝ မှ ၁ဝဝဝ ကျော်သာရှိသော ကွန်ဒိုတိုက်ခန်းများမှာ ယခုအခါ ကျပ်သိန်း ၂ဝဝဝ မှ ကျပ်သိန်း ၅ဝဝဝ-၆ဝဝဝ အထိ ပေါက်ဈေးရှိလာခဲ့သည်။ 


ထို့ကြောင့် အဆိုပါတန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ခွင့်ရရှိထားသော ရွှေတောင်အစရှိသည့် ကုမ္ပဏီကြီးများ၏ ရန်ကုန်မြို့တွင်း ကွန်ဒိုတိုက်ခန်းဈေးများမှာ နှစ်နှစ်အတွင်း နှစ်ဆမှ သုံးဆအထိ မြင့်တက်သွားခဲ့သည်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအဖြစ် အစပြုခဲ့သော်လည်း တိုက်ခန်းနှင့် ကွန်ဒိုဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းသာ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့နေလူထု၏ မြို့ပြနေထိုင်မှုမှာ ပိုမိုကျပ်တည်းသည့် အခြေအနေများဖြင့်သာ ရင်ဆိုင်နေကြရသည့်အတွက် စိုးရိမ်ပူပင်မှုများ ပိုမိုဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

Eleven Media  , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment