Pages

Pages - Menu

Wednesday, August 13, 2014

ထိုင်းတွင် ဆောက်လုပ်ဆဲကွန်ဒို ပြိုကျပြီး (၃)ဦးထက်မနည်း သေဆုံး


RangonNewsDaily:: August . 13 .2014
ထိုင်းနိုင်ငံတွင် ဆောက်လုပ်ဆဲ ကွန်ဒိုတိုက်တစ်လုံး ပြိုကျရာ အနည်းဆုံး လူ(၃)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် (၁၁)ရက် ညနေပိုင်းက သန်ယာဘူရီရှိ (၆)ထပ် ကွန်ဒို ပြိုကျခဲ့ခြင်းဖြစ်ပြီး လူ(၁၉)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့သည်။ ဩဂုတ်(၁၂)ရက် နံနက်ပိုင်းတွင် ကယ်ဆယ်ရေးများက အနည်းဆုံး လူ(၃)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ သဘာဝဘေးအန္တရာယ် တားဆီးရေးနှင့် လျော့ပါးသက်သာစေရေးဌာနကလည်း အသေအပျောက် ပမာဏ (၃)ဦးထိ ရှိလာခဲ့ကြောင်း ဩဂုတ်(၁၂)ရက်က ကြေညာသည်။

U-Place ကွန်ဒိုသည် ဆောက်လုပ်နေသည်မှာ (၄)လ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကွန်ကရစ် လောင်းနေစဉ် အတောအတွင်း ပြိုကျမှု ဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင်များ၏ အဆိုအရ သိရှိရသည်။ အစောပိုင်းက ဆောက်လုပ်ရေး လုပ်သား (၃၀)ခန့်သည် အပျက်အစီးများ အောက်တွင် ပိတ်မိနေသော်လည်း ဩဂုတ်(၁၁)ရက် ညပိုင်းတွင် ၎င်းတို့ကို ကယ်ထုတ်နိုင်ခဲ့သည်။

ဒဏ်ရာရသူ (၁၉)ဦးအနက် (၁၅)ဦးကို ဆေးရုံတင်ပို့ခဲ့ရသည်။ လတ်တလောတွင် အနည်းဆုံး လူ(၄)ဦးမျှ အပျက်အစီးများ အောက်ဘက်တွင် ပိတ်မိနေဦးမည်ဟု ယူဆရသည်။ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး အဆောက်အအုံ အပျက်အစီးများ အောက်ဘက်မှ ကြောက်လန့်တကြား အော်ဟစ်သံများကို ဩဂုတ် (၁၁)ရက် ညပိုင်းက ကြားနေရဆဲဟု ဆိုသည်။

ထိုင်းရဲချုပ် အေ့ခ်အန်ဆန်နာနွန်သည် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာသို့ ကိုယ်တိုင်သွားရောက် ကြီးကြပ်ခဲ့သည်။ ၎င်းက ရဲနှင့် စစ်သားများသည် ကယ်ဆယ်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားသွားသည်။

Bangkokpost ,7Day DAILY , KOLATT(PBDN)
RangonNewsDaily

 

No comments:

Post a Comment