Pages

Pages - Menu

Monday, August 25, 2014

မိုင်လေဆိုင်းရပ်၏ ဖျော်ဖြေပွဲကို ဒိုမီနီကန် နိုင်ငံအစိုးရ ပိတ်ပင်


RangonNewsDaily:: August . 24 .2014
ဖျော်ဖြေပွဲများတွင် အလွန်အကျူးဖော်ချွတ်ဖျော်ဖြေလေ့ရှိပြီး အချို့သောဖျော်ဖြေမှုပုံစံများတွင်လူအများကြည့်ရှု့ရန်မသင့်သည့်တိုင်အောင် ဖျော်ဖြေလေ့ရှိသော မိုင်လေဆိုင်းရပ်၏ ဒိုမီနီကန် နိုင်ငံအတွင်းဖျော်ဖြေမည့် ဖျော်ဖြေပွဲကို ဒိုမီနီကန်နိုင်ငံ အစိုးရက ပိတ်ပင်လိုက်သည်။
မိုင်လေဆိုင်းရပ်၏ ဒိုမီနီကန်နိုင်ငံအတွင်းဖျော်ဖြေပွဲကို ယခင်က စက်တင်ဘာလ ၁၃ ရက်နေ့တွင်ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သော်လည်း အစိုးရကဖျော်ဖြေခွင့်ကိုပိတ်ပင်လိုက်ခြင်းကြောင့် မိုမီနီကန် နိုင်ငံရှိ မိုင်လီ၏ ပရိတ်သတ်များအတွက် သတင်းဆိုးတစ်ပုဒ်ဖြစ်ခဲ့ရပြီဖြစ်သည်။

 ဖျော်ဖြေပွဲပိတ်ပင်လိုက်ခြင်းနှင့်ပတ်သက်ပြီး ဒိုမီနီကန်အစိုးရ၏ အင်္ဂါနေ့ကထုတ်ပြန်ခဲ့သော ထုတ်ပြန်ကြေငြာချက်များအရ " မိုင်လေဆိုင်းရပ်စ် ကသူမရဲ့ဖျော်ဖြေပွဲတွေမှာ သူမရဲ့အနုပညာအမြင်အရဖျော်ဖြေပေမယ့်၊ လူအများရဲ့အမြင်မှာ မသင့်သော်သလို ဒိုမီနီကန်နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်လည်း ကိုညီမှုမရှိပါဘူး" ဟု ရေးသားထုတ်ပြန်ထားသည်။

မိုင်လေဆိုင်းရပ်၏ စက်တင်ဘာလဖျော်ဖြေပွဲအတွက် ဒိုမီနီကန်နိုင်ငံအတွင်း ကြည့်ရှု့ခွင့်လက်မှတ်များကို လွန်ခဲ့သည့် ဇူလိုင်လမှ စတင်ကာ ၂၇ ဒေါ်လာမှ ၃၇၀ ဒေါ်လာအထိဈေးကပ်ကာ ရောင်းချထားခဲ့ခြင်းဖြစ်သည်။ 


ယခုကဲ့သို့ ဒိုမီနီကန်အစိုးရ၏ ပိတ်ပင်ခြင်းကို မိုင်လီဆိုင်း နှင့် ဖျော်ဖြေပွဲကိုကြီးမှူးကျင်းပသူတို့ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ပြောခြင်းမရှိသေးပေ။

News Watch , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment