Pages

Pages - Menu

Monday, August 25, 2014

အမေရိကန်ဒေါ်လာ သန်း ၁၈ဝ ရလိုမှုကို မြန်မာ့ ဆက်သွယ်ရေး ပြန်လည်ဖြေရှင်းသွားမည်


RangonNewsDaily:: August . 24 .2014
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အား ကန်ဒေါ်လာ သန်း ၁၈ဝ ရလိုမှု ဖြင့် တရား စွဲမည်ဆိုခြင်းမှာ နားလည်မှု လွဲနေခြင်းသာ ဖြစ်ပြီး ပြန်လည်ဖြေရှင်း သွားမည် ဟု ယင်း ဌာနမှ သိရသည်။
လက်ရှိတွင် မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းအား အမေရိကန်နှင့် အိန္ဒိ ယနည်းပညာ ကုမ္ပဏီနှစ်ခု ပူးပေါင်း လုပ်ကိုင်သည့် ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုမှ ကန်ဒေါ်လာ သန်း ၁၈ဝ ရလိုမှု ဖြင့် တရားစွဲဆို မည်ဟု ယင်းကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါက်တာနုမြတ်ခိုင် က ပြောကြား ထားသည်ကို အပတ်စဉ် ထုတ် ဂျာနယ် အချို့ တွင် ဖော် ပြထားပြီး အင်တာနက် စာမျက်နှာတွင် ယင်းသတင်း မှာပျံ့နှံ့နေသည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ် ငန်း အဝေးဆက်ကြောင်း ဌာနမှ အင် ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း က ”ဒါဟာ သူတို့ အထင် အမြင် နားလည် မှု လွဲတာလေး ရှိနေလို့ပါ။ အရင် ဆက် သွယ်ရေးက လုပ်ခဲ့တာလေးတွေ မှာ အဆက်အသွယ် ပြတ်တာလေးတွေ ရှိ နေတာပါ။ ဒါတွေကို ပြေ လည်အောင် သေချာ စိစစ်ပြီး ဖြေရှင်းမှာပါ။ သိပ်ပြီး တော့ မထူးပါဘူး”ဟု ၄င်းကပြောသည်။

သို့သော်လည်း အဆိုပါ ကုမ္ပဏီမှ ထုတ်ဖော်ပြောဆို ထားသည့် ၁၉၉၉ ၌ ဆက်သွယ်ရေးနှင့် ချုပ်ဆို ထားသည့် စာချုပ်ပါ အချက်များမှာ ဂြိုဟ်တု လှိုင်း များ အား မြန်မာနိုင်ငံ လေနယ်နိမိတ် အပေါ်မှ ဖြတ်သန်း သွားလာခွင့်နှင့် မြန်မာ့ ဆက်သွယ်ရေး အတွက် ဖြတ်ယူသုံးစွဲ ခွင့်ပြုခြင်း၊ လှိုင်းဖြတ်သန်းခနှုန်း ကို အမေရိ ကန် ဒေါ်လာ ၅ သန်းခန့်အား မြန်မာနိုင်ငံ အစိုးရသို့ ပေးဆောင် ရမည် ဖြစ်ကြောင်း ပါရှိခဲ့သည်။

ယင်းသို့ ချုပ်ဆိုထားသည့် စာချုပ် မှာ လုပ်ငန်းစတင်ပြီး တစ်နှစ်ခန့် အကြာ တွင် မြန်မာ့ အစိုးရပိုင်းမှ ဝန်ကြီး အပြောင်း အလဲ များဖြစ်ကာ အလို အလျောက် ရပ် ဆိုင်း သွား ခဲ့ကြောင်း ဖော်ပြချက် များအရ သိရသည်။ 

စာချုပ်ပါ အချက်အလက် များကို ဆက်သွယ်ရေးမှ ချိုးဖောက် ခဲ့သည့် အတွက် နစ်နာကြေး ရလိုမှုဖြင့် တရားစွဲ ဆိုခြင်း ဖြစ်ကြောင်း၊ ယခု မေလနှင့် သြဂုတ်လ များတွင် တရား စွဲမည်ကို လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကို အကြောင်းကြား စာများ ပေးပို့ထား ကြောင်း ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ ဝင် ဒေါက်တာ နုမြတ်ခိုင် က ပြောကြား ထား ကြောင်း သိရသည်။

Popular Myanmar , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment