Pages

Pages - Menu

Monday, August 18, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးရန် ၁၂ ချက်သာကျန်

ငြိမ်းချမ်းရေးဆွေးနွေးပွဲ မြင်ကွင်းတစ်ခု (ဓာတ်ပုံ −Nyo Ohn Myint Facebook)
RangonNewsDaily:: August . 18 .2014
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်ဒုတိယမူကြမ်းဆွေးနွေးပွဲ နှစ်ရက်ပြီးချိန်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြား ဆက်လက်ညှိနှိုင်းစရာ အချက် ၁၂ ချက်သာ ကျန်ရှိတော့ ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီ(UPWC) နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT) တို့ သြဂုတ် ၁၆ရက်က ဆွေးနွေး ပွဲဒုတိယနေ့အပြီးတွင် နှစ်ဖက် ညှိနှိုင်းရန်ကျန်ရှိနေသည့်အချက် ၃၁ ချက်မှ ၂၁ ချက်ကို ဆွေးနွေးခဲ့ ကြသည်။ ယင်းအထဲမှ အချက် ၂ ချက်သာ ညှိနှိုင်းရန် ကျန်ရှိတော့ ကြောင်း ပြောရေးဆိုခွင့်ရှိသူများ က ဆိုသည်။

သြဂုတ် ၁၅ ရက်မှစတင် ပြု လုပ်ခဲ့သော ဆွေးနွေးပွဲနှစ်ရက်တာကာလတွင် အခန်း ၇ ခန်းပါ စာချုပ်(မူကြမ်း)မှ အခန်း ၄ ခန်းအ ထိ ဆွေးနွေးပြီးစီးခဲ့ပြီး ၂ ချက်ပြန် လည်ညှိနှိုင်းရန်ကျန်ရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးဗဟိုဌာန(MPC) အကြီးတန်းအကြံပေးဦးလှမောင် ရွှေကပြောသည်။

‘‘လူသစ်စုတာကို အဓမ္မ သုံးမယ်၊ မသုံးဘူးဆိုတာလောက် ပါပဲ။ သိပ်အများကြီးမဟုတ်ပါ ဘူး’’ဟု ဆိုသည်။

မူလက ညှိနှိုင်း၍ မရသေး သည့် ကိစ္စရပ်များကို ယခုဆွေး နွေးပွဲတွင် ညှိနှိုင်း၍ အဖြေရလာ ခဲ့ကြောင်း NCCT ဒုအဖွဲ့ခေါင်းဆောင် (၁) ဖဒိုစောကွယ်ထူးဝင်း က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

‘‘ဒီတပ်သစ်စုဆောင်းရေးဆို တဲ့ အဓမ္မစကားလုံးတစ်လုံးပဲ ကျန်တာလို့ ပြောလို့ရပါတယ်။ ကျန် တဲ့ ကိစ္စတွေမှာကျတော့ ကျွန် တော်တို့ အကုန်သဘောတူညီမှု ရရှိတယ်လို့ ပြောလို့ရပါတယ်။ တချို့ကိစ္စတွေမှာကျတော့ ဒီ NCA ထဲမှာပါဖို့ မလိုအပ်တဲ့အချက်တွေ မှာ ဟိုဘက်ဒီဘက် အဖွဲ့တွေဖွဲ့ ပြီး အသေးစိတ်ဆွေးနွေးသွားရ မယ့် သဘောလည်းရှိတယ်’’ဟု ဖဒိုစောကွယ်ထူးဝင်းကဆိုသည်။

ပြန်လည်ညှိနှိုင်းရမည့် အ ခြားအချက်တစ်ချက်ကို မီဒီယာ များက အကြိမ်ကြိမ်မေးမြန်းခဲ့ သော်လည်း မည်သည့်ကိစ္စဖြစ် သည်ကို နှစ်ဖက်ပြောရေးဆိုခွင့်ရှိ သူများက ဖြေကြားခဲ့ခြင်းမရှိပေ။

သြဂုတ် ၁၇ ရက်တွင် ဆွေး နွေးပွဲ တတိယနေ့ကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး ညှိနှိုင်းရန် ကျန်ရှိနေသည့် အချက် ၁၀ ချက် ကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။ ယင်းအချက်များမှာ နိုင်ငံရေးအာမခံချက်များ၊ ကြား ကာလ စီမံခန့်ခွဲမှုနှင့် အထွေထွေ ဆိုင်ရာ ကိစ္စရပ်များတွင် ပါရှိသည့် အချက်များဖြစ်ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ဆိုသည်။

ဆွေးနွေးပွဲ ဒုတိယနေ့တွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အဓိကထား ဆွေး နွေးခဲ့ခြင်းဖြစ်ပြီး အသေးစိတ်အ ချက်အလက်များကိုမူ နှစ်ဖက် ပြောကြားခဲ့ခြင်းမရှိပါ။

သြဂုတ် ၁၈ ရက်တွင် UPWC၊ NCCT နှင့် နိုင်ငံရေးပါတီများ အလွတ်သဘောတွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးသွားကြမည်ဖြစ်သည်။ ယင်းတွေ့ဆုံပွဲသို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အပါအဝင် တိုင်းဒေသကြီး အခြေစိုက် နိုင်ငံရေးပါတီလေး ပါတီ၊ ပြည်နယ်များမှ တိုင်းရင်း သားပါတီ ၃၀ စုစုပေါင်း ၃၄ ပါတီ မှ ကိုယ်စားလှယ်များ တက် ရောက်မည်ဖြစ်သည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment