Pages

Pages - Menu

Monday, August 18, 2014

လူငယ်ခြောက်ဆယ်ရာခိုင်နှုန်းအလုပ်လက်မဲ့ပြဿနာရင်ဆိုင်ရမှု သမ္မတထံစာပို့

သြဂုတ် ၁၀ရက်က ပြုလုပ်သော ရန်ကုန်လူငယ်ပွဲတော်သို့ တက်ရောက်လာသည့် လူငယ်များ (ဓာတ်ပုံ−ကျော်ဇင်သန်း)
RangonNewsDaily:: August . 18 .2014
မြန်မာနိုင်ငံရှိ အသက် (၁၆)နှစ်မှ (၃၅)နှစ်ကြားလူငယ် ခြောက်ဆယ်ရာခိုင်နှုန်းသည် အ လုပ်လက်မဲ့ဖြစ်နေကြောင်း ပြုစု ထားသည့် စစ်တမ်းကို သမ္မတထံ ပေးပို့ထားသည်ဟု မြန်မာနိုင်ငံလူ ငယ်များအစည်းအရုံးမှသတင်းရ ရှိသည်။
ရန်ကုန်မြို့ပေါ်နေလူငယ် များနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ လူငယ်နှစ်ထောင်ကို မေးမြန်း ထားခြင်းဖြစ်ပြီးလူငယ်ဆယ်ဦး လျှင် ခြောက်ဦးမှာအလုပ်လက်မဲ့ ပြဿနာနှင့်ရင်ဆိုင်နေရကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

စစ်တမ်းကို နိုင်ငံတော်သမ္မ တ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် များ၊ ဥပဒေပြုရေးမဏ္ဍိုင်မှ လွှတ် တော်ကိုယ်စားလှယ်များ၊ ဒေါ် အောင်ဆန်းစုကြည်နှင့်အခြားပ ညာရှင်အဖွဲ့အစည်းများထံပေးပို့ ထားကြောင်း မြန်မာနိုင်ငံလူငယ် များအစည်းအရုံးဥက္ကဋ္ဌ ကိုဇွဲရန် နိုင်ကပြောသည်။

‘‘လူငယ်တွေအလုပ်လက်မဲ့ ဖြစ်တာ အများစုက ပညာရေး အဆင့်နိမ့်တယ်။ ဘွဲ့ရတဲ့လူကျ တော့လည်း လုပ်နေတဲ့အလုပ်နဲ့ မကိုက်ညီဘူး’’ဟု ၎င်းကရှင်းပြ သည်။

၂၀၁၂နှစ်ဆန်းပိုင်းတွင် တစ်ကြိမ်၊ ၂၀၁၃ မတ်လတွင် တစ်ကြိမ်၊ ၂၀၁၄ မေလတွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ် စစ်တမ်း ကောက်ခံမေးမြန်းထားသည်ဟု ဆိုသည်။

အလုပ်လက်မဲ့လူငယ်တချို့ မှာလူကုန်ကူးခံရခြင်း၊ အရက် သေစာသောက်စားခြင်း၊ မူးယစ် ဆေးသုံးစွဲခြင်းနှင့် ရာဇ၀တ်မှုကျူး လွန်ခြင်းများရှိကြောင်းစစ်တမ်း တွင်ဖော်ပြထားသည်။

ကျေးလက်နေလူငယ်များ မှာ အလုပ်လက်မဲ့ပြဿနာကိုပိုမို ရင်ဆိုင်နေရပြီး လယ်ယာမြေသိမ်းဆည်းခံရမှု၊ လမ်းပန်းဆက် သွယ်ရေးခက်ခဲမှု၊ သတင်းအ ချက်အလက်စီးဆင်းမှုအားနည်း ခြင်းအပါအ၀င်လူမှုစီးပွားဘ၀နိမ့် ကျမှုများသည်အလုပ်လက်မဲ့လူ ငယ်အင်အားများပြားစေကြောင်း ဖော်ပြထားသည်။

ဘွဲ့ရအလုပ်လက်မဲ့များ လျော့နည်းရန် ပညာရေးစနစ်ကို မြှင့်တင်ပေးခြင်း၊ ပညာဆုံးခန်း တိုင်အောင်မသင်ကြားနိုင်သော လူငယ်များအတွက်အသက်မွေး ၀မ်းကျောင်း ပညာသင်တန်း ကျောင်းများဖွင့်ပေးခြင်း၊ တိုင်း ရင်းသားလူငယ်များနှင့်ဖွံ့ဖြိုးမှုနိမ့်ကျသော ဒေသရှိလူငယ်များ အတွက်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအစီအစဉ်များ လုံ လောက်စွာဆောင်ရွက်ပေးရန်စ သည့်အကြံပြုချက်များကိုလည်း ထည့်သွင်းရေးသားကာပေးပို့ ထားပြီး လတ်တလောတွင် အကြောင်း ပြန်မှုမရှိသေးဟုသတင်း ရရှိသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment