RangonNewsDaily:: August . 27 .2014
ရီးယဲလ် မက်ဒရစ်က တောင်ပံကစားသမား အန်ဟယ် ဒီ မာရီယာကို မန်ချက်စတာ ယူနိုက်တက်က ပေါင် ၅၉ ဒဿ မ ၇ သန်းနဲ့ ဝယ်ယူဖို့ သဘောတူလိုက်ပါပြီ။
အာဂျင်တီးနားအသင်းမှာလည်း ကစားတဲ့ အသက် ၂၆ နှစ်အရွယ် ဒီမာရီယာဟာ အခု အင်္ဂါမနက်မှာပဲ မန်ယူအတွက် ဆေးစစ်မှုခံယူဖို့ ရှိပါတယ်။
ဒီမာရီယာကို ဝယ်လိုက်တဲ့ ဈေးဟာ ဗြိတိန်က ကလပ်အသင်းတစ်ခုကနေ ဈေးအများဆုံးပေးဝယ်တဲ့ စံချိန်ကိုလည်း ချိုးလိုက်ပါတယ်။
အရင်ကတော့ လစ်ဗာပူးလ်က ဖာနန်ဒို တောရက်စ်ကို ချဲလ်ဆီးကနေ ပေါင် သန်း ၅၀ ပေးပြီး ၀ယ်ခဲ့တာက အမြင့်ဆုံးဈေးနဲ့ ၀ယ်ယူမှု ဖြစ်ခဲ့ပါတယ်။
BBC Burmese , KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment