Pages

Pages - Menu

Wednesday, August 27, 2014

ဓမ္မစေတီခေါင်းလောင်းတွေ့ပြီဟု ဦးဆောင်ရှာဖွေသူ ဦးစံလင်းကြေညာ၊ နဂါးများမှ ယင်းခေါင်းလောင်းအား ဆီမီးပူဇော်နေသည့်အတွက် သတင်းထုတ် ပြန်ရန် နောက်ကျရခြင်းဟုဆို

RangonNewsDaily:: August . 27 .2014
ရက်ပေါင်းနှစ်ဆယ်ကြာရှာဖွေမှုပြု လုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီး အားတွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေ သူ ဦးစံလင်း (မြေပုံစံလင်း) သြဂုတ်လ ၂၆ ရက်က အတိအလင်းထုတ်ဖော်ကြေ ညာခဲ့ပြီး အရိယာဝိဇ္ဇာအပေါင်းတို့ထံခွင့် ပြုချက်တောင်းခံပြီးမှ ယင်းသို့ အတိအလင်း ကြေညာရခြင်းဖြစ်သည်ဟု ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းရှာဖွေဆယ် ယူမှုလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဦးစံလင်း၏ ပြောကြားချက်ကို ကိုးကားကာ ယင်းအဖွဲ့၏ သတင်းပြန်ကြားရေးမှ ထုတ်ပြန်မှု တစ်ရပ်ပြုလုပ်ခဲ့ပြီးအဆိုပါ သတင်းထုတ် ပြန်ချက်တွင် ခေါင်းလောင်းရှာဖွေတွေ့ရှိကြောင်းကို ဦးစားပေးဖော်ပြထားကာ သတင်းထုတ်ပြန်မှုနောက်ကျခဲ့ရခြင်းအတွက် ကိုလည်း ဦးစံလင်းက တောင်းပန်မှု ပြုထားသည်။

““နဂါးများမှာ အကြီးဆုံးရွှေရောင် နဂါးမင်းနှင့်တကွ နဂါးအပေါင်းတို့က ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို အကြီးကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေတဲ့အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို သတင်းထုတ်ပြန်ရန် နောက်ကျခြင်း ဖြစ်ပါတယ်။ 


ကျွန်တော်တို့ရဲ့ မြန်မာနည်း၊ မြန်မာ့ဟန် မြန်မာအဆင့်နည်းပညာဟာ လျှို့ဝှက်ချက်များရှိနေခြင်းကြောင့် နှုတ်မှ ဖွင့်ဟ၍ မပြောရပါ။ အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြုချက်တောင်းခံပြီးမှ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို တွေ့ရှိပြီးဖြစ်ကြောင်း အတိအလင်းကြေညာခြင်း ဖြစ်ပါတယ်””ဟု ဦးစံလင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့အပြင် ဆက်လက်၍ ဦးစံလင်းက ၎င်းတို့အပေါ်တွင် စေတနာထားသော ရဟန်းရှင်လူပြည်သူပြည်သားအပေါင်း ၀ိုင်းဝန်းဆောင်ရွက်ပေးကြသော အလှူရှင် များ ခုနှရက်သားသမီးအပေါင်းတို့အား ကျေးဇူးတင်ကြောင်း သတင်းထုတ်ပြန်မှု နောက်ကျခြင်းကို နားလည်ပေးရန်နှင့် တောင်းပန်ကြောင်း မကြာမီရက်အတွင်း ဓမ္မစေတီခေါင်းလောင်းကြီးကို ကုန်းပေါ် သို့ အရောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


““ဦးစံလင်းက တယ်လီဖုန်းနဲ့ လှမ်းပြောသတင်းထုတ်ပြန်ခိုင်းတာကို ပြောတဲ့အတိုင်း အတိအကျရေးသား သတင်းထုတ်ပြန်တာပါ။ တွေ့ရှိပြီဆိုတဲ့အတွက် ဒါ သတင်းကောင်းပါ။ ဒီအခြေအနေကို နိုင်ငံတော်ကို ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်””ဟု သတင်းပြန်ကြားရေးအဖွဲ့တာဝန်ခံ ဦးသန်းစိန်က ပြောသည်။


ဓမ္မစေတီခေါင်းလောင်းအားရှာဖွေတွေ့ရှိပြီဟု ၎င်းတို့နောက်ဆုံးသတ်မှတ်ရက်တွင် ထုတ်ဖော်ပြောကြားမှုအပေါ် သံသယဖြင့် စောင့်ကြည့်သူများလည်းရှိပြီး သက်သေပြနိုင်သည့် အထောက်အထားမမြင်တွေ့ရ ခြင်းကြောင့် ယုံကြည်လက်ခံရန် မဖြစ်နိုင် သေးကြောင်း ပြောဆိုမှုများလည်းရှိနေသည်။

News Watch , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment