Pages

Pages - Menu

Tuesday, July 22, 2014

Sexy လိုင်းကို ဇာဇာထက် ဘာကြောင့် ရွေးတာလဲ


RangonNewsDaily:: July . 22 .2014
ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတာတွေကို ငြင်းပယ်လိုက်တာဟာ Sexy (လိင်အသားပေး) ဓာတ်ပုံတွေနဲ့ပဲ အနုပညာ ခရီးလမ်းမှာ Professional ပီပီသသ ဆက်လျှောက်သွားချင်လို့ပါလို့ ဇာဇာထက်က ပြောပါတယ်။ ရုပ်ရှင်လောကထဲကို မသွားဘူးလို့ သူက ပြတ်ပြတ်သားသား ဆိုပါတယ်။
“ဘာလို့လဲဆိုတော့ လိုင်းပျောက်သွားမှာ စိုးလို့ပါ၊ အစ်မ ပရိသတ်က အစ်မကို ဘယ်လို အားပေးလို့ အားပေးရမှန်းမသိ ဖြစ်မှာစိုးတယ်” လို့ ဇာဇာထက်က ရှင်းပြပါတယ်။

Sexy ဓာတ်ပုံတွေ ရိုက်ကူးတာဟာ ဝါသနာအရ လုပ်တာဖြစ်တယ်။ စပွန်ဆာရှာဖို့၊ ပေါ်ပြူလာဖြစ်ဖို့ လုပ်တာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ Sexy ဓာတ်ပုံတွေ ရိုက်တိုင်း အကျင့်စာရိတ္ထ မကောင်းသူလို့ မမြင်စေချင်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

မပေါ်တပေါ် မလုံတလုံ ပြပြီးတော့ ပရိသတ်ကို မထိတထိခံစားမှုမျိုး ပေးတာလို့ ဇာဇာထက်က Sexy ကို အဓိပ္ပာယ် ဖွင့်ပါတယ်။ ဒီလောကထဲမှာ အကြာကြီး ရပ်တည်လို့ မရတဲ့တွက် နောက်ထပ် ၂ နှစ်လောက်လုပ်ပြီးရင် အနာဂတ်အတွက် စီးပွားရေးဖြစ်ဖြစ်၊ ကျောင်းတက်တာဘဲ ဖြစ်ဖြစ် လုပ်သွားမလို့ သူကပြောပါတယ်။

The Voice  , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment