Pages

Pages - Menu

Tuesday, July 22, 2014

MH-17 လေယာဉ်တွင် မြန်မာသို့လာရောက်လည်ပတ်မည့် မိသားစုတစ်စုလုံးပါသွား


RangonNewsDaily:: July . 22 .2014
ယူကရိန်းနိုင်ငံပိုင်နက်၌ ပစ်ချခံရသော မလေးရှားလေကြောင်းလိုင်းပိုင် MH-17လေယာဉ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် နယ်သာလန်နိုင်ငံမှ မိသားစုတစ်စုလုံးပါသွားကြောင်း သတင်းရရှိသည်။
နယ်သာလန်နိုင်ငံသားဇနီး မောင်နှံနှင့်အတူ အသက်(၁၂)နှစ် အရွယ် သမီးနှင့် (၁၁)နှစ်အရွယ် သားတစ်ဦး စုစုပေါင်းလေးဦးမှာ ပုဂံတွင်လေးရက်တာလည်ပတ် ရန် စီစဉ်ထားကြခြင်းဖြစ်ပြီး မိ သားစုတစ်စုလုံးလေယာဉ်ပစ်ချခံ ရမှုကြောင့် သေဆုံးခဲ့သည်။

‘‘ကျွန်မတို့ဆီမှာ ဇူလိုင် ၂၂ ရက်ကနေ ၂၄ရက်အထိ သုံးည အိပ်တည်းဖို့အတွက် နှစ်ခန်းမှာ ထားတယ်။ လေယာဉ်ပစ်ချခံရပြီး နောက်တစ်နေ့ပဲ ခရီးသွားကုမ္ပဏီ က အကြောင်းကြားလို့ပါသွား တယ်ဆိုတာ သိလိုက်တယ်’’ဟု ပုဂံတွင်ဖွင့်လှစ်ထားသော Thiripyi-tsaya Sancturay Resortမှ ဈေး ကွက်ဒါရိုက်တာ ဒေါ်စုစုခိုင်ကပြော သည်။ ထို့ကြောင့် ဟိုတယ်က ယနေ့(ဇူလိုင် ၂၁ရက်) တွင် ၀မ်း နည်းကြောင်းစာပေးပို့သွားမည် ဟု သတင်းရရှိသည်။

ယင်းခရီးသည်များသည် မ လေးရှားနိုင်ငံမှတစ်ဆင့် မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ် မည့် ခရီးသွားများဖြစ်ပြီး ပြည် တွင်းမှ Club Normad Myanmar Travel ကုမ္ပဏီနှင့်ချိတ်ဆက်ကာ လာရောက်လည်ပတ်မည့်သူများဖြစ်ကြောင်း သတင်းရရှိသည်။

မလေးရှားလေကြောင်းမှ MH-17လေယာဉ်သည် ဇူလိုင်လ ၁၇ရက် ညနေပိုင်းက နယ်သာ လန်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ပျံ သန်းစဉ် ယူကရိန်းနိုင်ငံအတွင်း ရုရှားနိုင်ငံနယ်စပ်အနီးသို့ရောက် ရှိစဉ် ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချခံရ၍ လေယာဉ်တွင်ပါသော ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း စုစုပေါင်း ၂၉၈ဦးလုံးသေဆုံးသွားခဲ့သည်။ နယ်သာလန်နိုင်ငံသား ၁၉၃ ဦးပါဝင်ပြီး၊ လေယာဉ်ပေါ်တွင် နိုင်ငံပေါင်းစုံမှ ကလေးငယ် စုစုပေါင်း ၈၀ ပါရှိသည်။

မလေးရှား လေကြောင်း လိုင်းမှ MH-370လေယာဉ်မှာ လည်း ယခုနှစ်မတ်လက မလေး ရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ပျံသန်း စဉ်ပျောက်ဆုံးသွားခဲ့ပြီး လေ ယာဉ်ပေါ်ပါခရီးသည်များနှင့် လေယာဉ်ကိုပါ ယနေ့တိုင်ရှာဖွေတွေ့ ရှိခြင်းမရှိသေးပေ။

ခရီးသည်နှင့်လေယာဉ်ဝန်ထမ်း ၂၉၈ဦးလိုက်ပါလာသော မလေးရှားလေကြောင်းလိုင်းပိုင် MH 17 လေယာဉ်အပျက်အစီးများကို ကြည့်ရှုနေသော ယူကရိန်းသူပုန်နှင့်ဒေသခံအချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ− accrareport.com)


7Day Daily , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment