Pages

Pages - Menu

Monday, July 14, 2014

ချစ်သူနှင့် လျှို့ဝှက်လက်ထပ်ခဲ့ပြီးဖြစ်ကြောင်း ချယ်ရီကိုးလ်ကြေညာ


RangonNewsDaily:: July . 14 .2014
သူမ၏ ချစ်သူ ဂျင်းဘားနတ်ဒ် ဖာနန်ဒက်ဇ် ဗာဆီနီနှင့် လျှို့ဝှက် လက်ထပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းကို ချယ်ရီကိုးလ်က အတည်ပြု ကြေညာလိုက်သည်။
အသက်(၃၁)နှစ်ရှိ ဗြိတိသျှ အဆိုတော်က ပြင်သစ်သား ဖာနန်ဒက်ဇ် ဗာဆီနီနှင့် လက်ထပ်မှု သတင်းကို ယခုကဲ့သို့ ကြေညာရခြင်းမှာ သူမ၏ ပုဂ္ဂိုလ်ရေး ဘဝနှင့် ပတ်သက်သည့် ကောလာဟလများကို ရပ်တန့်စေလို၍ ဖြစ်ကြောင်းလည်း ဆိုသည်။

X-Factor အစီအစဉ်၏ ဒိုင်လူကြီး တစ်ဦးအဖြစ် တာဝန်ယူနေသော ကိုးလ်သည် ဖာနန်ဒက်ဇ် ဗာဆီနီနှင့် တွဲဖြစ်ခဲ့သည်မှာ (၃)လမျှသာ ကြာမြင့်သေးသည်။ ယင်းတို့နှစ်ဦးသည် မတ်စတစ်ရှိ ကိုယ်ပိုင်ကျွန်းငယ်လေး တစ်ခုပေါ်တွင် လက်ထပ်ခဲ့ခြင်းဟု သိရသည်။


ကိုးလ်သည် အင်္ဂလန် လက်ရွေးစင် ဘောလုံးသမားဟောင်း အက်ရှလေကိုးလ်နှင့် (၄)နှစ်ကြာ ပေါင်းသင်းဖူးသော်လည်း (၂၀၁၀)ပြည့်နှစ်က ကွာရှင်းခဲ့သည်။ သူမသည် အမေရိကန် အကသမား ထရီဟော်လီဝေးနှင့်လည်း တွဲဖြစ်ခဲ့သည့်တိုင် (၂၀၁၃)ခုနှစ်တွင် လမ်းခွဲခဲ့သည်။


သူမ၏ ခင်ပွန်းသည် ဖာနန်ဒက်ဇ် ဗာဆီနီသည် စားသောက်ဆိုင် လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ ကိုးလ်က သူမ၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် လက်ထပ်လက်စွပ်ပုံကို လွှင့်တင်ခဲ့ပြီး “ကျွန်မအနေနဲ့ ကိုယ်ပိုင်ဘဝအကြောင်း သိပ်ပြီး ဆွေးနွေးလေ့ မရှိဘူး။ ဒါပေမဲ့ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး ဘဝနဲ့ ပတ်သက်တဲ့ ထင်ကြေးတွေကို ရပ်တန့်သွားစေချင်ပြီ။ ဒီအတွက် ကျွန်မရဲ့ ပျော်စရာ သတင်းကို မျှဝေလိုက်တာပါ”ဟု ရေးသားခဲ့သည်။


ချယ်ရီက “ကျွန်မနဲ့ ဂျင်းဘားနတ်ဒ် (ဖာနန်ဒက်ဇ် ဗာဆီနီ)တို့က (၂၀၁၄)ခုနှစ်၊ ဇူလိုင်(၇)ရက်မှာ လက်ထပ်ခဲ့ပြီးပါပြီ။ ဘဝကို အတူရှေ့ဆက်ဖို့ အရေးအတွက် ကျွန်မတို့ နှစ်ယောက်စလုံး ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေကြပါတယ်”ဟုလည်း ပရိသတ်များထံ အသိပေးထားခဲ့သည်။


ချယ်ရီသည် Girls’ Aloud အဖွဲ့နှင့်အတူ စတင်နာမည်ကျော်လာခဲ့ပြီး အဆိုပါ အဖွဲ့နှင့် လမ်းခွဲခဲ့ပြီးနောက် အနုပညာ လောကတွင် တစ်ကိုယ်တော် ဆက်လက်ရပ်တည်ရင်း အောင်မြင်မှုများ ရရှိနေဆဲဖြစ်သည်။


BBC , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment