RangonNewsDaily:: July . 14 .2014
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါး မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၈၄/ ၅-၆)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့သည်။
စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃)ရပ်ကွက်နေ မျိုးမျိုး(၃၇)နှစ်မောင်းနှင်လာ သော 2G/xxxxဟိုက်ဂျက်အဖြူရောင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသည့် ကပ်တုံးအား ၀င်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် မျိုးမျိုးတွင် ဦးခေါင်းထိပ်(၁)လက်မခန့်ပေါက်ြ ပဲ၊ ရင်ဘတ်အောင့်ဒဏ်ရာများရရှိခဲ့သြ ဖင့် ဖဒိုတိုက်နယ် ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ယာတံခါးပိန်ချိုင့်၊ အမိုးကိုင်းပိန်ချိုင့် ပြုတ်ထွက်၍ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မျိုးမျိုးအား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည် , KOLATT(PBDN)
RangonNewsDaily
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါး မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၈၄/
စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃)ရပ်ကွက်နေ မျိုးမျိုး(၃၇)နှစ်မောင်းနှင်လာ
ထိုသို့တိုက်မိတိမ်းမှောက်မှုကြေ
ရဲဇာနည် , KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment