Pages

Pages - Menu

Wednesday, July 2, 2014

မန္တလေးမြို့တွင်း ဘာသာရေးအကြမ်းဖက်မှု တည်ငြိမ်မှု မရှိသေး

» မန္တလေးမြို့ ဘာသာရေးအကြမ်းဖက်မှုအတွင်း မိမိအိုးအိမ်အား အကာအကွယ်ယူနေစဉ် ဦးခေါင်းအား သေနတ်ထိမှန်ခဲ့သည့် မွတ်စ်လင်မ်လူငယ်တစ်ဦး (ဓာတ်ပုံ - အင်တာနက်)
RangonNewsDaily:: July . 2 .2014
ဇူလိုင်လ (၁) ရက်နေ့ ညနေပိုင်းက စတင်ဖြစ်ပွားခဲ့သည့် သစ်ထူးလွင် ၀ဘ်ဆိုဒ်မှ သတင်းကို အခြေခံသော ဘာသာရေးအကြမ်းဖက်မှုများမှာ တည်ငြိမ်ခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။
အကြမ်းဖက်မှု စတင်ဖန်တီးသူများအား လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် တားဆီးထိန်းသိမ်းခြင်းမရှိခဲ့ဘဲ လွှတ်ပေးထားခဲ့ခြင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာသည့်အပေါ် အကြမ်းဖက်ခံရသည့် အစ္စလာမ်ဘာသာဝင်များဘက်မှ ပြန်လည်ခုခံခြင်းများ ရှိလာချိန်တွင်မှ လုံခြုံရေးရဲများက ပစ်ခတ်တားဆီးခဲ့ခြင်းကြောင့် မွတ်စ်လင်မ်တစ်ဦးထက်မနည်း သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

အကြမ်းဖက်မှုအတွင်း မိမိအိမ်အား အကာအကွယ်ယူနေသည့် ဒေသခံ မွတ်စ်လင်မ်လူငယ်တစ်ဦး၏ ဦးခေါင်းအား အနောက်ဘက်မှ ပစ်ခတ်သည့် သေနတ်ကျည်ဆံ ထိမှန်ကာ ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

တည်ငြိမ်မှုရှိစေရန် ဘာသာရေးခေါင်းဆောင်အချို့ ကြားဝင်စေ့စပ်မှုများရှိနေပြီး၊ အစ္စလာမ်ဘာသာရေး ပညာရှင်တစ်ဦးကတော့ ယင်းကိစ္စအပေါ် ယခုလို မှတ်ချက်ပြုပါတယ်။

"နှစ်ဖက် ကြားဝင် ညှိနှိုင်းတယ်လို့ ခေါင်းစဉ် မတပ်သင့်ဘူးဗျ။ ဒါက တစ်ဖက်သက် လုပ်နေတာ။ တားမယ့်ဆီးမယ့်သူဆိုတာ မရှိဘူး။ ပြဿနာဖြစ်ရင် ဒီနိုင်ငံမှာ ဥပဒေရှိတယ်။ ဥပဒေနဲ့ ရှင်းလေ။ ထစ်ခနဲ့ဆို မဘသ၊ 969 တွေ အခုလို ထထပြီး ရမ်းကားနေရင် ဘယ်လို ဖြစ်မလဲ။ မနက်ဖန် မန္တလေးမှာ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုရှိတဲ့အချိန်နဲ့ အချိန်ကိုက်ကြီး ဖြစ်နေတယ်။ ဖြစ်ပြီဆိုရင် ကိုယ့်အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ဆိုတာလဲ လိုတယ်ဗျ။ တာဝန်ရှိသူတွေ ဘာမှ ကာကွယ်မပေးဘူး။ ကိုယ့်ဟာကိုယ် ကာကွယ်ရပြီဆိုတော့မှ တစ်ဖက်နဲ့တစ်ဖက် ဖြစ်ကြသလိုခေါင်းစဉ်တပ်ပြီး ကြားဝင်စေ့စပ်တယ်တို့ ဘာတို့ဆိုတဲ့ စကားလုံးတွေနဲ့ သမိုင်းကို ဖျက်လိုက်တယ်။ ကျနော်တို့ဘက်ကတော့ ဒီကိစ္စအတွက် ပြတ်ပြတ်သားသားပဲ ပြောလိုတယ်။ ကျုပ်တို့ အစ္စလာမ်ဘာသာအပေါ် ကျူးကျော်စော်ကားတာတွေကို ရပ်ပေးပါ။ ကိုယ့်အသက် စည်းစိမ်ကို ထိခိုက်လာရင်တော့ ပြန်ကာကွယ်ရမှာပဲ။ သီးခံနိုင်သမျှ သီးခံပေးခဲ့တယ်။ မဖြစ်တော့လို့ ပြန်လုပ်ရတဲ့ ဒီအချိန်ရောက်တော့မှ ကလိန်ကကျစ်ကျပြီး မွတ်စ်လင်မ်တွေကို လူဆိုးစာရင်းသွင်းတာဟာ သိက္ခာမဲ့တဲ့လုပ်ရပ်ပါပဲ"

ယခုနောက်ဆုံး စုံစမ်းသိရှိရတဲ့ သတင်းအရတော့ မန္တလေးမြို့တွင် လုံခြုံရေးများအနေဖြင့် ဘာသာရေးနှင့်အမျိုးသားရေး အစွန်းရောက် ရန်လိုသူများအား ဒေသခံ အစ္စလာမ်ဘာသာဝင်များဘက်မှ ပြန်လည်ခုခံခြင်းကြောင့် အရေးနိမ့်လာသည့်အချိန်တွင် အစ္စလာမ်ဘာသာဝင်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်နေတယ်လို့ မျက်မြင်တွေ့ရှိရသူများက ပြောဆိုနေကြပါတယ်။

အင်တာနက်ပေါ်မှာတော့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ နေမျိုးဝေအပါအ၀င် ဘာသာရေးနှင့် အမျိုးသားရေး အစွန်းရောက် လှုံ့ဆော်သူများက ၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာများပေါ်မှနေ၍ အကြမ်းဖက်မှုကို တွန်းအားပေး လှုံ့ဆော်နေကြဆဲ ဖြစ်ပါတယ်။

သတင်း ။ အလင်းမျက်ဝန်း
Photo: (အင်တာနက်)
KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment