Pages

Pages - Menu

Tuesday, July 15, 2014

မက်ဆီမှာ ရွှေဘောလုံးဆုနှင့် မထိုက်တန်ဟု မာရာဒိုနာဆို


RangonNewsDaily:: July . 15 .2014
ပူပူနွေးနွေး ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေဘောလုံးဆုရခဲ့သည့်မက်ဆီမှာ ထိုဆုနှင့် မထိုက်တန်ဟု အာဂျင်တီးနား ဂန္တ၀င်ကစားသမားဟောင်း မာရာဒိုနာက ပြောကြားလိုက်သည်။

အာဂျင်တိုင်းတိုက်စစ်မှူး မက်ဆီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၇ ပွဲကစားကာ ၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး မူလာ၊ ရော်ဘင်၊ ရော်ဒရီဂက်စ်တို့ကိုကျော်ကာ အဆိုပါ ရွှေဘောလုံးဆုအား ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မာရာဒိုနာကမူ ထိုဆုမှာ စီးပွားရေးဆိုင်ရာ အကြောင်းပြချက်ကြောင့် ရရှိခဲ့ခြင်းဟု ဆိုသည်။
“မက်ဆီလား။ ဖြစ်နိုင်ရင်သူ့ကို ကျွန်တော် နတ်ပြည်တောင်ပို့ပေးချင်ပါတယ်။ ဒါပေမယ့် ဈေးကွက်နဲ့ပတ်သက်တဲ့ စီစဉ်မှုကြောင့် မရသင့်တဲ့လူတစ်ယောက် ဒီဆုကိုရသွားကတော့ မကောင်းပါဘူး” ဟု မာရာဒိုနာက TV Show တစ်ခုတွင် ပြောကြားခဲ့သည်။
ထို့ပြင် အာဂျင်တီးနားမှာ ဂျာမနီအား ရှုံးနိမ့်ကာ ချန်ပီယံအခွင့်အရေးနှင့် လွဲချော်ခဲ့ရသည့်အတွက် စိတ်ပျက်မိကြောင်း၊ မိမိတို့အသင်းမှာ အနည်းဆုံး ပင်နယ်တီအထိ ရောက်ရှိသင့်ပြီး ဂေါဇီက မိမိတို့အား နာကျင်စေခဲ့ကြောင်း မာရာဒိုနာက ထည့်သွင်းပြောကြားခဲ့သည်။ မာရာဒိုနာမှာ ၁၉၈၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီအားအနိုင်ယူကာ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့သည့် အာဂျင်တီးနား အသင်းတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment