Pages

Pages - Menu

Tuesday, July 15, 2014

ကမ္ဘာ့ဖလား ရခဲ့ခြင်းမှာ အိပ်မက်များ အမှန်တစ်ကယ် ဖြစ်လာခြင်းဟု အနိုင်ဂိုးရှင် ဂေါ့ဇီဆို


RangonNewsDaily:: July . 15 .2014
အချိန်ပိုတွင် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းကာ ဂျာမနီအသင်းအား ကမ္ဘာ့ဖလားရရှိစေရန် ကူညီပေးနိုင်ခဲ့ခြင်းမှာ မိမိ၏ အိပ်မက် အမှန်တကယ်ဖြစ်လာခဲ့ခြင်းဟု ဂျာမနီ လူငယ်တိုက်စစ်မှူး ဂေါ့ဇီက ပြောကြားလိုက်သည်။

အာဂျင်တီးနားနှင့်ကစားခဲ့သည့် ထိုပွဲတွင် ဂျာမနီအသင်းမှာ ပွဲချိန်အတွင်း ဂိုးရနိုင်သည့် အခွင့်အရေးတစ်ချို့ ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သောကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး ကလိုဆေးအစား လူစားဝင်လာသော ဂေါ့ဇီက အချိန်ပို ဒုတိယပိုင်း ၁၁၃ မိနစ်တွင် တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
“မယုံနိုင်စရာ ခံစားမှုပါပဲ။ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ ကျွုန်တော်တို့အတွက်တော့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာတာပါ။ အသင်းအတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပြီး ဘရာဇီးလ်မှာဖြစ်ခဲ့တဲ့ အရာအားလုံးအတွက် သိပ်ကိုပျော်ရွှင်မိပါတယ်” ဟု ဂေါ့ဇီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ထို့ပြင် အသင်းရှိ ကစားသမားတိုင်းမှာ ဂုဏ်ပြုမှုနှင့် ထိုက်တန်ကြောင်း၊ ကမ္ဘာ့ဖလားကို ရရှိခဲ့သည့်အတွက် အလွန်ဂုဏ်ယူမိကြောင်း ဂေါ့ဇီက ထည့်သွင်းပြောကြားခဲ့သည်။ ဂေါ့ဇီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်းအတွက် ၆ ပွဲကစားပေးကာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ဂျာမနီအသင်း၏ ယခုကမ္ဘာ့ဖလားမှာ ၄ ကြိမ်မြောက်ရရှိခဲ့သည့် ကမ္ဘာ့ဖလားလည်းဖြစ်သည်။
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment