Pages

Pages - Menu

Thursday, June 26, 2014

နိဗ္ဗာန်ယာဉ်အားလုံး အခွန်ဆောင်ရတော့မည်


ပုံစာ- နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ရှိ နိဗ္ဗာန်ယာဉ်တစ်စီးအားတွေ့ရစဉ်။
ဓါတ်ပုံ - ဟောင်ဆာ(ရာမည)

RangonNewsDaily:: June . 26 .2014
 နာရေးကူညီမှု လုပ်ငန်းများတွင် အသုံးပြုနေသည့် နိဗ္ဗာန်ယာဉ်များကို သတ်မှတ်အခွန်ပေးဆောင်၍ တရားဝင် မှတ်ပုံတင် ပြုလုပ်သွားမည်ဟု ဇွန်လ ၂၆ရက်က နိုင်ငံပိုင် သတင်းစာ များတွင် ကြေငြာလိုက်သည်။
"နိုင်ငံတွင်း တရားမဝင် တင်သွင်းရောက်ရှိနေသည့် လျှပ်စစ် မော်တော်ဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့်နာရေးကူညီမှုအသင်းများတွင် အသုံးပြုနေသော နိဗ္ဗာန်ယာဉ်များကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများ ပူးပေါင်း၍ သတ်မှတ်အခွန်အခများ ပေးဆောင်စေလျက် (One Stop Service)ဖြင့် တရားဝင် မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်"ဟု နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကြေငြာချက်နှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက "အခွန်အခက များမယ်ဆိုရင် နယ်က နာရေးကူညီမှု အသင်းတွေ အတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်။

နယ်ကလူတွေက ကိုယ့်ချွေးနဲစာတွေစုပြီး လုပ်ထားရတဲ့ကားတွေဆိုတော့ လိုင်စင်မဲ့ကား တွေပဲဝယ်နိုင်ပါတယ်။ 

အခွန်ဆောင်ခိုင်းတာကတော့ သိပ်မကောင်းဘူးပေါ့။ ”ဟု မဇ္ဈိမကို ပြောသည်။နယ်မြို့များရှိ နာရေးကူညီမှုအသင်း အများစုသည် နိဗ္ဗာန်ယာဉ်အဖြစ် အသုံးပြုသည့် ကားအများစုသည် လိုင်စင်မဲ့ကားများဖြစ်သည်ဟု ဦးကျော်သူက ပြော
သည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment