Pages

Pages - Menu

Thursday, June 26, 2014

ရန်ကင်းခေါင်းဖြတ် လူသတ်မှု တရားခံဘက်မှ ပြန်ခေါ်သက်သေ စစ်ပြီး အမိန့်ချမည်

RangonNewsDaily:: June . 26 .2014
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက် အတွင်း ဖြစ်ပွားခဲ့သော ခေါင်းဖြတ်လူသတ်မှု အတွက် တရားခံဘက်မှ ပြန်ခေါ် သက်သေတစ်ဦးကို လာမည့် ဇွန်လ (၃၀) ရက်တွင် နောက်ဆုံးအဆင့် စစ်ဆေး၍ အမိန့်ချမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် တရားရုံး မှ သိရသည်။
သေမှု ကြံရွယ်ချက်၊ လူသတ်မှု ကျူးလွန်တာကြောင့် နောက်ဆုံးအဆင့် အနေဖြင့် ပြန်ခေါ်သက်သေ ထွက်ဆိုချက်ယူမယ်။ ငြင်းရင်တော့ သက်သေ ပြန်စစ်မယ် ဟု ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံး၊ တွဲဖက် တရားသူကြီး (၄) ဦးငြိမ်းမြင့် က ပြောသည်။ အဆိုပါ အမှုတွင် ပုဒ်မ ၃၀၂ အပိုဒ် (၁) (ခ) အရ တရားခံ ဝေယံဖြိုး (ခ) ချစ်ကို အား လက်ခံသလားဟု သုံးကြိမ်တိုင်တိုင် မေးမြန်းရာ ၎င်း က ငြင်းချက်မယူဘဲ လက်ခံသည်ဟု ထွက်ဆိုခဲ့ကြောင်း အဆိုပါ တရားရုံးမှ သိရ သည်။

ရန်ကင်းမြို့နယ်၊ (၁၂) ရပ်ကွက်တွင် မေလ (၁၅) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်က လူနှစ်ဦး စကားများ ရန်ဖြစ်ရာမှ စတင်၍ ဓားဖြတ်ခုတ်မှုဖြစ်ပွားခဲ့ကာ မင်းမင်းဦးသည် ခေါင်းပြတ်သေဆုံးခဲ့သည်။ ယင်းအမှုကို ရုံးချိန်း ခုနစ်ချိန်းအတွင်း သက်သေ (၁၄) ဦးကို စစ်ဆေးခဲ့ပြီး၊ လာမည့် ဇွန်လ (၃၀) ရက်ရုံးချိန်းတွင် တရားခံဘက်မှ ပြန်ခေါ်သက်သေ၏ ထွက်ဆိုချက်ကို ရယူမည်ဖြစ်ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။

သေသွားတဲ့လူက ကလေးသုံးယောက် အဖေဆိုတော့ စိတ်မကောင်းဘူး။ အမှုကို အမြန် ဆုံးဖြတ်ချက်ချ စေချင်တယ် ဟု သေဆုံးသူ၏ မိသားစု တော်စပ်သူတစ်ဦး က ပြောသည်။ ယင်းဖြစ်စဉ် အမှုမှန် ပေါ်ပေါက်စေရေးအတွက် ၂၀၁၄ ခုနှစ်၊ မေလ (၂၈) ရက်နေ့တွင် ရန်ကင်းမြို့နယ်နေ ပြည်သူ (၂၀၀) ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Today Myanmar , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment