Pages

Pages - Menu

Friday, June 27, 2014

ဂိုးမရှိသရေကျခဲ့ပြီးနောက် အီကွေဒေါဂိုးသမားကို ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမား ချီးကျူး


RangonNewsDaily:: June . 26 .2014
အီကွေဒေါနှင့် ပွဲစဉ်တွင် ပြင်သစ်အသင်း ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့သည့်နောက် တိုက်စစ်မှူး ကာရင်ဘန်ဇီးမားက ပြိုင်ဘက်ဂိုးသမား အလက်ဇန္ဒား ဒိုမင်ဂွတ်ဇ်ကို ချီးကျူးစကား ပြောဆိုခဲ့သည်။
အုပ်စု(E) အပိတ်ပွဲစဉ်တွင် ပြင်သစ်သည် အီကွေဒေါနှင့် ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့သော်လည်း အုပ်စုပထမ နေရာဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည်။ ရှေ့ပွဲစဉ်နှစ်ခုတွင် (၈)ဂိုးသွင်းထားသည့် ပြင်သစ်တိုက်စစ်သည် ဒိုမင်ဂွတ်ဇ်၏ လက်စွမ်းကို မကျော်ဖြတ်နိုင်ခဲ့သလို အီကွေဒေါကလပ် ကွီတိုတွင် ကစားနေသည့် အသက်(၂၇)နှစ်အရွယ် ဂိုးသမားက ယခုပွဲ၏ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့သည်။ သို့သော်လည်း အီကွေဒေါ အသင်းမှာမူ အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရသည်။

ရီးယဲလ်မက်ဒရစ် အသင်း၏ ရှေ့တန်းလူ ဘန်ဇီးမားက “ကျွန်တော်တို့ အီကွေဒေါကို အနိုင်ရအောင် အားစိုက် ကစားခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လက်စွမ်းအရမ်းကောင်းတဲ့ ဂိုးသမား တစ်ယောက်ကြောင့် အခက်တွေ့ခဲ့တယ်။ ဒိုမင်ဂွတ်ဇ်ဟာ အကြိမ်ပေါင်း တော်တော်များများ အစွမ်းပြပြီး ကာကွယ်သွားခဲ့ပါတယ်”ဟု ဆိုသည်။

ဘန်ဇီးမားက “ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော်တို့ မနိုင်ပေမယ့် မရှုံးခဲ့သလို အုပ်စုအဆင့်ကနေလည်း လွတ်မြောက်လာပြီ။ ဒီအတွက်တော့ ဂုဏ်ယူရမှာပဲ။ နောက်ပွဲတွေမှာလည်း ခုလိုပဲ ဂိုးသွင်းခွင့်တွေ အများကြီး ဖန်တီးနိုင်ပြီး တကယ်လက်တွေ့ ဂိုးတွေရဖို့ မျှော်လင့်ပါတယ်။ အီကွေဒေါနဲ့ ပွဲကတော့ ကမ္ဘာ့ဖလားမှာ ဘယ်ပြိုင်ဘက်မှ လွယ်လွယ်ကူကူ မရှိဘူးဆိုတာကို လက်တွေ့ပြသွားတာ ဖြစ်ပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

_Ref: Goal , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment