Pages

Pages - Menu

Friday, June 27, 2014

ဆွစ်ဇာလန်တောင်ပံကစားသမား ရှာကီရီ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကြိမ်(၅၀)မြောက် ဟက်ထရစ်ရှင်ဖြစ်လာ

(ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကြိမ် ၅၀ မြောက် ဟက်ထရစ်ရှင် ရှာကီရီ (Photo: AFP))
RangonNewsDaily:: June . 26 .2014
ဆွစ်ဇာလန်တောင်ပံကစားသမား ရှာကီရီသည် ဟွန်ဒူးရပ်စ်အသင်းကို အနိုင်ရရှိသည့်ပွဲတွင် ဟက်ထရစ် သွင်းယူ
ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် အကြိမ်(၅၀)မြောက် ဟက်ထရစ်ရှင် ဖြစ်လာခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံး ဟက်ထရစ်ရှင်မှာ ၁၉၃၀ ဥရုဂွေး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အမေရိကန်အသင်းတိုက်စစ်မှူး ပါတီနော့ဖြစ်ပြီး ပါရာဂွေးအသင်းနှင့် အုပ်စုပွဲစဉ်တွင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရှာကီရီသည် ၁၉၅၄ ကမ္ဘာ့ဖလား၌ ဆွစ်ဇာလန်တိုက်စစ်မှူး ဟူဂီ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ
သမိုင်း၌ ဆွစ်ဇာလန်ကစားသမားများထဲမှ ဒုတိယမြောက် ဟက်ထရစ်ရှင်လည်း ဖြစ်လာခဲ့သည်။

Eleven Media , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment