Pages

Pages - Menu

Sunday, May 11, 2014

ပဋိပက္ခများ ဖြေရှင်းပေးဖို့ စက်မှုဇုန် လုပ်သားများ ဆန္ဒပြ


RangonNewsDaily: May . 11 .2014
တနိုင်ငံလုံးက စက်မှုဇုန်တွေမှာ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အလုပ်ရှင် အလုပ်သမား ပဋိပက္ခတွေကို ဖြေရှင်းပေး
ဖို့ ရန်ကုန်တိုင်းဒေသ ကြီး ရွှေပြည်သာစက်မှုဇုန်နဲ့စက်မှုဇုန်အတော်များများက အလုပ်သမားတွေ စုပေါင်းပြီး ဒီနေ့ ဆန္ဒပြ
 တောင်းဆိုခဲ့ကြပါတယ်။
စက်ရုံအတော်များများမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရနေပေမယ့် သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ်
တာတွေ များလာနေကြောင်း ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်သူ အလုပ်သမားတွေက ပြောပါတယ်။

P & G သောက်ရေသန့်ကုမ္ပဏီမှာ သမဂ္ဂဖွဲ့စည်းခဲ့တဲ့အတွက် အလုပ်ထုတ်ခံ ရသူ ကိုကြည်မင်းထိုက်က ဒီနေ့ ဆန္ဒပြပွဲ

မှာ အခုလို ပြောပါတယ်။

"အလုပ်သမားသမဂ္ဂတွေပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ ဥပဒေမဲ့အလုပ်ထုတ် မှုတွေ တောက်လျှောက်ဖြစ်လာတယ် အထုတ်ခံရတဲ့တော်တော်များများဟာ လည်း သမဂ္ဂဖွဲ့မှုနဲ့လည်းဆိုင်တယ်၊သမဂ္ဂခေါင်းဆောင်တွေ ရည်ရွယ်ချက်ရှိရှိ နဲ့ ထုတ်ပစ်တာတွေလည်းပါတယ်၊ 


အဲ့ဒါတွေကိုလည်း အလုပ်သမားဝန်ကြီး ဌါနက ထိရောက်စွာ ဖြေရှင်ပေးမှုမရှိဘူး၊နောက်ပြီးတော့ ညှိနှိုင်းဖြေဖျန်းမှု ရုံးတွေမှာ အလုပ်သမား ကိုယ်စားလှယ်မရှိတဲ့ကိစ္စတွေ ညှိနှိုင်းဖြေဖျန်းမှု ရုံးတွေက အရာရှိတွေက အလုပ်သမားတွေ
ကိုမချေမငင် ဆက်ဆံတာတွေ အလုပ်ရှင်တွေဆို အရေးတယူ နေရာပေးတာတို့ အလုပ်သမားဝန်ကြီးဌါနရဲ့ အားနည်း
ချက်တွေကို တိုက်ရိုက်ဆန္ဒဖော်ထုတ်လိုက်တဲ့အတွက် သူတို့မသိသေးရင်တောင်မှ သိသွားပြီးတော့ ဆောင်ရွက်ပေး
သွားမယ် လို့ထင်လို့ ဆန္ဒဖော်ထုတ်ရတာပါ "

ဒါ့အပြင် အလုပ်သမားတွေက အစိုးရက ဖွဲ့စည်းထားတဲ့ ခုံသမာဓိရုံး နဲ့ အလုပ်သမား ညှိနှိုင်း ဖြန်ဖြေရေးရုံးတွေဟာ အလုပ်သမားတွေကြုံတွေ့ရတဲ့ အလုပ်ရှင် အလုပ်သမား ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်မှု မရှိဘူးလို့ ပြော ပါတယ်။
ဆန္ဒပြပွဲကို ရွှေပြည်သာ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄ က အလုပ်သမားတွေအပြင် လှိုင်သာယာ၊ နေပြည်တော်၊ မန္တလေး စက်မှုဇုန်တွေက အလုပ်သမားတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

RFA , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment