Pages

Pages - Menu

Sunday, May 11, 2014

ယာဉ်ထိန်းရဲများအတွက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု နေကာမျက်မှန် ထောက်ပံ့

RangonNewsDaily: May . 11 .2014
ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန် ထမ်းဆောင်နေသည့် ယဉ်ထိန်းရဲများ အတွက် ပုဂ္ဂလိက လျှပ်စစ်နှင့် စက်ပစ္စည်း
များ နေကာမျက်မှန်များကို ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သောSoe Electrical & Mechanical Co,Ltd က ထောက်
ပံ့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်းရဲ ၈၈၃ ဦးကို တစ်ဦးလျှင်UV 400ပါနေကာမျက်
မှန် တစ်လက်နှုန်း ထောက်ပံ့ခြင်း ဖြစ်ကြောင်း၊

ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ တာဝန် ထမ်းဆောင်နေချိန်တွင် ၎င်းတို့၏ မျက်လုံးများ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်

ရန်နှင့် ၎င်းတို့၏ ကျန်းမာရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ ယာဉ်ထိန်းရဲများ နေကာမျက်မှန်တပ်ဆင်ခွင့်ကို ဧပြီလ ၂၆ ရက်နေ့မှ စ၍ ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အဆိုပါ နေကာမျက်မှန် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ကုန်ကျစရိတ်များ၊လှူဒါန်းရခြင်း အကြောင်းတို့ကို မိမိအနေနှင့် ပြော

ပိုင်ခွင့် မရှိကြောင်း ယင်းကုမ္ပဏီမှ မန်နေဂျာက ပြောကြားသည်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment