Pages

Pages - Menu

Monday, May 5, 2014

အမေရိကန် ပြည်ထောင်စုတွင် မြေအောက် မီးရထား တစ်စင်း လမ်းချော် ၁၉ ဦး ဒဏ်ရာရရှိ


RangonNewsDaily: May . 5 .2014
အမေရိကန် ပြည်ထောင်စုတွင် မေ ၂ ရက် နံနက်ပိုင်းက နယူးယောက်မြို့မှ မန်ဟက်တန်သို့ ဦးတည် မောင်းနှင် လာသော မြေအောက် မီးရထား တစ်စင်းသည် Queen အရပ်ရှိ ဥမင်လိုဏ်ခေါင်း တစ်ခုအတွင်း ဖြတ်သန်း သွားလာနေစဉ် လမ်းချော်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူ တို့က ပြောကြားခဲ့သည်။
ခရီးသည် ၁ဝဝဝ ခန့် လိုက်ပါလာသော အဆိုပါ မီးရထားတွင် အတွဲရှစ်တွဲ ပါရှိပြီး ခြောက်တွဲမှာ လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်း လမ်းချော်မှုသည် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ ၂၄ မိနစ်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာ ရရှိသူများ အနက် လေးဦးမှာ ဒဏ်ရာ ပြင်းထန်၍ ဆေးရုံသို့ ပို့ဆောင် ခဲ့ရကြောင်း သိရသည်။
::
အဆိုပါ လမ်းချော် မှုနှင့် စပ်လျဉ်း၍ အတိအကျ မသိရှိသေး သော်လည်း အချက်ပြ စနစ်များနှင့် မီးရထား လမ်းစနစ် များကို စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment