Pages

Pages - Menu

Saturday, May 3, 2014

နနွင်းက ဆီးကျိတ်ကင်ဆာ ရှိသူများတွင် ကင်ဆာပြန့်ပွားမှုကို ဟန့်တားနိုင်


RangonNewsDaily: May . 3 .2014
နနွင်းမှုန့်ကို နှစ်ပေါင်းများစွာကတည်းက အရိုးအဆစ်ရောင် ရောဂါနဲ့ တခြားရောဂါတွေကို ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ နနွင်းမှာ ပါဝင်တဲ့ ကာကူမင်ဟာ ရောင်ရမ်းမှုကို တားမြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။
အခု ဂျာမနီနိုင်ငံက လေ့လာမှုအရလည်း နနွင်းဟာ ကင်ဆာပြန့်ပွားမှုကို တားမြစ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လေ့လာမှုအ
 နနွင်းဟာ သားမြတ်ကင်ဆာရှိသူတွေကို အဆုတ်အတွင်း ပြန့်ပွားမှု မရှိအောင် တားမြစ်နိုင်တယ်လို့ သိရပါတယ်။ သားမြတ်ကင်
ဆာနဲ့ ဆီးကျိတ်ကင်ဆာဟာ နာတာရှည် ရောင်ရမ်းမှုကြောင့် ဖြစ်ပါတယ်။

ှဒီကင်ဆာနှစ်မျိုးစလုံးရဲ့ ကင်ဆာဆဲလ်တွေက CXCL1 နဲ့ CXCL2 အပါအဝင် ရောင်ရမ်းမှုဖြစ်စေတဲ့ ပရိုတင်းတွေကို ထုတ်လုပ်ပေး

တယ်လို့ တွေ့ရှိခဲ့ပြီး ကာကူမင်ဟာ အဲဒီပရိုတင်းနှစ်မျိုးရဲ့ ထုတ်လုပ်မှုကို လျှော့ချနိုင်တယ်လို့ သိရပါတယ်။ 

နနွင်းမှုန့်ကို နေ့စဉ် ရှစ်ဂရမ်ထိ သောက်သုံးနိုင်ပါတယ်။ ဆီးကျိတ်ကြီး (BPH) တဲ့ အမျိုးသားတွေနဲ့ မိသားစုရာဇဝင်မှာသားမြတ်ကင်
ဆာရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ နနွင်းကို ကင်ဆာရောဂါ ကာကွယ်ဖို့ အသုံးပြုထားသင့်ကြောင်း သုတေသီတွေက အကြံပေး
ထားကြပါတယ်။

Good Health

KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment