Pages

Pages - Menu

Saturday, May 3, 2014

နေ့ထူးနေ့မြတ် များ၌ ခြွင်းချက်မရှိ အလုပ်ပိတ် ပေးရန် ညှိနှိုင်းမည်


RangonNewsDaily: May . 3 .2014
အစဉ်အလာ နေ့ထူးနေ့မြတ်ကြီး များတွင် အလုပ်သမား များအား ခြွင်းချက် မရှိ အလုပ်ပိတ် ပေးရန် ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ် ကြောင်း အလုပ်သမား ဒုတိယ ၀န်ကြီးက ပြောသည်။
ယမန်နေ့က လှိုင်သာယာ မြို့နယ်၌ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် နှီးနှော ဖလှယ်ပွဲတွင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးတင်အောင်မှ အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

““မေဒေးနေ့မှာ အလုပ် မပိတ်တဲ့ စက်ရုံတွေ ရှိတယ်လို့ ကြားသိရတယ်။ ဒီနေ့ဟာ အလုပ်သမားကြီး များအတွက် အရေးကြီးတဲ့ နေ့ထူးနေ့မြတ် ဖြစ်လို့ ပိတ်ပေးသင့်တယ်။ နောင်နှစ်တွေမှာ အစဉ်အလာ နေ့ထူးနေ့မြတ် ကြီးတွေမှာ လုံးဝ ပိတ်ဖို့ ညှိနှိုင်း ဆောင်ရွက် သွားမယ်”” ဟု ၎င်းက ပြောသည်။

ကုန်အမှာစာ များရှိ၍ အလုပ်ဆင်းရန် လိုအပ်သော စက်ရုံများ၊ ငါးပုစွန် အအေးခန်း စက်ရုံများသည် အလုပ်ပိတ်ရန် မလွယ်ကူဘဲ အဆိုပါ နေ့ရက်များတွင် အလုပ်သမားများ အား လုပ်ခနှစ်ဆ ပေး၍ အလုပ်ဆင်းစေ ကြောင်း လှိုင်သာယာ စက်မှုဇုန်များ ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က The Messenger သတင်းစာသို့ ပြောသည်။

““အလုပ်သမားတွေရော အလုပ်ရှင်တွေ ပါ ညှိညှိ နှိုင်းနှိုင်းနဲ့ အဆင်ပြေ ပါတယ်။ အအေးခန်းလို အဆိုင်းနဲ့ အလုပ် တွေက ရပ်ဖို့ မလွယ် ဘူး။ ၀န်ကြီးဌာနက ညွှန်ကြားရင်တော့ စက်ရုံတွေက လိုက်နာမှာပါ”” ဟု ၎င်းကပြောသည်။

စက်ရုံများမှ အလုပ်သမား များအား နေ့ထူးနေ့မြတ်ကြီး များတွင် မဆင်းမနေရ ဖိအားပေး ဆင်းခိုင်းမှုများ ရှိပြီး၊ အလုပ်မဆင်း ပါက အဆင့်ဆင့် ဖြတ်တောက်မှု များရှိကြောင်း အလုပ်သမား နှီးနှော ဖလှယ်ပွဲကို တက်ရောက်သည့် အလုပ်သမားများ ထံမှသိရသည်။

““အများပိတ်တဲ့ ပျော်ပွဲရွှင်ပွဲ နေ့တွေ အလုပ်ဆင်းရမယ် ဆိုရင် ဖျက်လို့ မရဘူး။ ဆင်းလို့ ပိုက်ဆံရတာ နည်းနည်း၊ မဆင်းရင် ပိုက်ဆံ အများကြီး ဖြတ်ခံရတာ”” ဟု စိုင်းမြတ်ထွန်း အောင် အထည်ချုပ် စက်ရုံမှ အလုပ်သမား တစ်ဦးက The Messenger သတင်းစာသို့ ပြောသည်။ (၁၂၄) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့ တွင် လှိုင်သာယာ စက်မှုဇုန်၌ပင် အလုပ်ဆင်းရသော စက်ရုံ (၂၀)ရှိကြောင်း သိရသည်။ Gallant Ocean အအေးခန်း စက်ရုံမှ တာဝန်ရှိသူ တစ်ဦးက မေဒေးနေ့တွင် အလုပ်ဆင်းရ သောကြောင့် စက်ရုံ အလုပ်သမားများကို ဆုကြေးအပြင် မုန့်ဖိုးပါ ပေးကြောင်း ပြောကြားသည်။

The Messenger , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment