Pages

Pages - Menu

Sunday, May 25, 2014

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းပြန်ဖြစ်လာရန် တာစူ


RangonNewsDaily: May . 25 .2014
မုန်တိုင်းငယ်အဖြစ်မှ အားလျော့သွားသော လေဖိအား နည်းရပ်ဝန်းသည် ဘင်္ဂလားပင် လယ်အော်အနောက်အလယ်
ပိုင်းတွင် အားပြန်ပျိုးနေပြီး မုန်တိုင်း အ ဆင့်သို့ ပြန်ရောက်လာနိုင်ကြောင်းနိုင်ငံတကာ မိုးလေ၀သ ဂြိုဟ်တုများ၏ ခန့်
မှန်းချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က သတိပေးသည်။
‘‘မုန်တိုင်းငယ်အဆင့်ကနေ အားလျော့ပြီးကာမှ ဒီနေ့မှာ အား ပြန်စုနေတာတွေ့ရတယ်။ ဒီနေ့ ည မုန်တိုင်းပြန်ဖြစ်လာ
င်တောင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိ သေးပါဘူး’’ ဟု ဒေါက်တာထွန်း လွင်က မေလ ၂၄ ရက်ညတွင်ပြောသည်။

အမေရိကန် အမျိုးသားမိုး လေ၀သဌာန(JTEC) က ဘင်္ဂလား ပင်လယ်အော်အနောက်အလယ် ပိုင်းတွင်ဖြစ်ပေါ်နေသာ တိမ်တိုက် ကြီးသည် မုန်တိုင်းအဆင့်သို့ပြန် ရောက်ရန် အလားအလာများရှိ နေကြောင်း မေလ၂၄ရက် နံနက် တွင် သတင်းထုတ်ပြန်ထားသည်။
::
အဆိုပါမုန်တိုင်းငယ်သည် ၂၀၁၄ခုနှစ်အတွင်း ဘင်္ဂလားပင် လယ်အော်တွင် ဖြစ်ပေါ်သည့် ဒုတိယမြောက် မုန်တိုင်း

ငယ်ဖြစ် သည်။ ဘင်္ဂလားပင်လယ်အော်အ ရှေ့အလယ်ပိုင်းတွင် လေဖိအား နည်းရပ်ဝန်းအဖြစ်မေ ၁၆ရက်က စတင်ခဲ့ပြီး မေလ၂၁ ရက် နေ့ လယ်တွင် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့သည်။ 

မူလခန့်မှန်း ချက်များအရ ရခိုင်ကမ်းရိုးတန်း ဘက်သို့ ရွေ့လျားလာခဲ့သော် လည်း မေလ ၂၃ရက် နေ့လယ် တွင် နောက်ကြောင်းပြန်လှည့် သွားကာ လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြန် သည်။ 
::
ယခုအခါ အားပြန်ပျိုးလာနေသောကြောင့် ထူးခြားနေ ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီး
ဌာနဒုတိ
ယညွှန် ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

-----------------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်ကလေဖိအားနည်းရပ်ဝန်းကတော့ဆက်လက်တည်ရှိနေပါတယ်...။

လေဖိအားနည်းလေးဝေး ဝေးသွားတော့မုတ်သုံလေစီးကြောင်းတွေသူ့နောက်လိုက်
သွားရတယ်...။တစ်ပြည်လုံးမှာမိုးသိသိသာသာနည်းသွားတယ်..။

မေ(၂၇)(၂ဂ)ရက်များမှာတော့ ဘင်္ဂလားပင်လယ်အော် တစ်ခုလုံးမှာ မုတ်သုံလေတွေ ပြန်လည်အားကောင်းလာနိုင်ပါတယ်...။.မိုး၊ဇလမှတွက်ချက်ထားတဲ့ မေလ(၂၈)ရက် မှာမြေပြင်လေတိုက်ခတ်နိုင်မှုပြပုံကိုလေ့လာနိုင် ဖို့တင်ပြပေးလိုက်ပါတယ်။

အခုညနေ(၆)နာရီခွဲတိမ်ပုံအရမြစ်ဝကျွန်းပေါ်ဒေသတွေကလွဲလို့တစ်ပြည်လုံးမှာတိမ်ထူထပ်မှုများနေတာတွေ့ရပါတယ်...။

7Day Daily, မိုးလေ၀သနှင့်ဇလဗေဒ ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment