Pages

Pages - Menu

Monday, May 26, 2014

ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ် ပြန်လွတ်ပြီဟုဆို


RangonNewsDaily: May . 26 .2014
ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ်ရှင်နာဝပ်ကို မေလ ၂၅ ရက်နေ့ ညနေပိုင်းက အာဏာသိမ်း စစ်တပ် က ထိန်း
သိမ်းထားရာက ပြန်လွှတ်ပေးလိုက်တယ်လို့ စီအန်အန် သတင်းဋ္ဌာနက ထုတ်ပြန်ပါတယ်။ သို့သော်လည်း နိုင်ငံခြား ထွက်
ခွင့်ကိုတော့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။ 
မစ္စယင်လတ် ကို အာဏာသိမ်း ထိုင်း စစ်ကောင်စီက ပြန်လွှတ်ပေးတယ်ဆိုတဲ့သတင်းကိုတရားဝင်အတည်ပြုချက်တော့
သက်ဆိုင်ရာ စစ်ကောင်စီဘက်က မပြောသေးပါဘူးလို့ ဘန်ကောက် အခြေစိုက် ထိုင်း သတင်းထောက်တွေက ပြော
ပါတယ်။ 

အခုလို မစ္စယင်လတ် ပြန်လွတ်တယ်ဆိုတဲ့ သတင်းမထွက်ပေါ်ခင် မေလ ၂၅ ရက်နေ့ နံနက်ပိုင်း လောက် က တည်းက ပြည်ပရောက် အကိုဖြစ်သူ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က အဝေးရောက် အစိုးရဖွဲ့ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ထွက်ပေါ်ပါတယ်။ 

ဘန်ကောက်နေ မြန်မာတဦးက အခုလို မစ္စယင်လတ် လွတ်လာတာ တကယ်မှန်တယ်ဆိုရင် ဒါဟာ သက်ဆင်ရဲ့ ပြည်

ပရောက်အစိုးရဖွဲ့တဲ့ သတင်းနဲ့ ဆက်စပ်နိုင်တယ်လို့လည်း သုံးသပ်ပြောပြပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက ထိုင်း အထက်လွှတ်တော်ကို ဖျက်သိမ်းပစ်ပြီး ဘန်ကောက်နဲ့ မြို့တချို့မှာ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြတာတွေ ဆက်တိုက်ဖြစ်နေပါတယ်။ တချို့နေရာတွေမှာ တင်းမာမှုတွေ ရှိတယ်လို့ ထိုင်းသတင်းတွေမှာ တွေ့ရပါတယ်။ 

ထိုင်း ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ မစ္စတာ သက်ဆင်နဲ့ ညီမဖြစ်သူ မစ္စယင်လတ် တို့ရဲ့ ဇာတိမြို့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မှာတော့ မေလ ၂၅ ရက်နေ့ ညနေပိုင်းကနေ ညပိုင်းထိ ပထမနေ့က ဆန္ဒပြနေရာမှာတော့ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြဖို့ အခွင့် မသာပဲ စစ်တပ်က လုံခြုံရေး အပြည့် ယူထားတာ တွေ့ရပါတယ်။ မေလ ၂၄ ရက်နေ့က ဆန္ဒပြ

တဲ့ နေရာတွေကိုလည်း သံဆူးကြိုးတွေ ချထားပြီး ပိတ်ထားတာတွေ့ရပါတယ်။ 

စစ်ဘက်က လုံခြုံရေး တင်းကြပ်ထားကာ အခြေအနေမပေးတာကြောင့် ဆန္ဒပြသမားတွေဟာ အဆင်ပြေ သလို ချင်းမိုင်

မြို့ ကျုံးပတ် လည်နေရာတချို့မှာ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတာ မျိုးတော့ ရှိတာတွေ့ရပါ တယ်။ 

ထိုင်း အာဏာသိမ်း စစ်ကောင်စီကယခင်ဝန်ကြီးချုပ် မစ္စ ယင်လတ်နဲ့ နီးစပ်တဲ့ ရဲချုပ်ကို လည်း ရာထူးက ဖယ်ရှားပြောင်း

ရွှေ့လိုက်ပြီး အခြား ရဲမှူးကြီးတွေတော်တော်များများလည်း အလားတူ ဖယ်ရှား ပြောင်းရွှေ့ တာတွေ လုပ်လိုက်ပါတယ်။ 

ဧရာဝတီ , 
KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment