Pages

Pages - Menu

Friday, May 9, 2014

အခွန်များကို မည်ကဲ့သို့ အသုံးပြုနေကြောင်း မသိရသည့် အတွက် ပြည်သူများ အခွန်ပေး ချင် စိတ် မရှိကြခြင်းဖြစ် ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

RangonNewsDaily: May . 9 .2014
နိုင်ငံတွင် ကောက်ခံလျက်ရှိသော အခွန်များကို မည်သည့်နေရာတွင် မည်သူ့အတွက် အသုံးပြုနေကြောင်း မသိရသည့် အတွက် ပြည်သူများကအခွန်ပေးချင် သည့်စိတ်မရှိကြခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က ''အခုဟာက အခွန်ငွေကိုအစိုးရ ကနေ ဘယ် လို သုံးနေ မှန်းလဲမသိ။ ဘယ် သူ့အတွက်သုံးမှန်းလဲမသိ။ ဥပမာဆို လို့ရှိ ရင်ပေါ့နော်။ စည်ပင်အခွန်ပေး ရပေမယ့်လဲ လမ်းဘေးမှာအမှိုက်တွေ ပုံနေတာတို့၊ မြောင်းတွေပိတ်နေတဲ့ ဟာတို့ ဒါတွေမြင်တဲ့အခါ ကျတော့ ပြည် သူတွေက အခွန်ပေးချင်တဲ့စိတ် မရှိဘူးပေါ့''ဟုပြောခဲ့သည်။

အခွန်ပေးဆောင်မှသာလျှင် နိုင်ငံတိုးတက်ရေးအတွက် အထောက် အကူဖြစ် မည်ကို အစိုးရမှနားလည် ရန်လိုအပ်ကြောင်းနှင့် ပြည်သူများက လည်း အခွန်ပေးဆောင်ရန်တာဝန် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့သည်။
::
R F A ရေဒီယိုလှိုင်းတွင် သီးသန့် တင်ဆက်နေသော ဒီမိုကရေစီခရီး ကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် အခွန်ကောက် ခံမှု နှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်

၂၀၁၄ခုနှစ် ဧပြီ ၁ရက်နေ့ မှ စတင်ကာ တစ်နှစ်ဝင်ငွေကျပ်သိန်း ၂ဝနှင့် အထက် ရရှိသူတိုင်း ဝင်ငွေ ခွန်ပေးဆောင်ရမည်ဖြစ်ကာ လစာ ရရှိသည့် တစ်နှစ်ဝင်ငွေအပေါ်တွင် ပေးဆောင်ရမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဝင်ငွေနှစ်မှ စတင်သက်ရောက်မည် ဖြစ်သည်။
::
ကုမ္ပဏီတစ်ခုမှ အသက်သုံး ဆယ်အရွယ် ဝန်ထမ်းတစ်ဦးဖြစ်သူ ကလည်း ''အခွန်ဆောင် တယ်ဆိုတာ လူတိုင်းဆောင်လို့ မရသေးဘူး။ အစိုး ရသတ် မှတ် ထားတဲ့နှုန်းအတိုင်းရနေ တဲ့သူမှ ဆောင်ခွင့်ရှိတာ။ တစ်နိုင်ငံ လုံး အတိုင်း အတာနဲ့ အခွန်ထမ်းတဲ့ ပြည်သူတွေ များဖို့လိုတယ်။ ဒါကလဲ သူတို့လုပ်နေ တဲ့အဖွဲ့အစည်းက အခွန်ဆောင်ဖို့လိုအပ် တဲ့လုပ်ခ လစာ တွေ တိုးပေး ဖို့လိုအပ်တယ်''ဟုပြော သည်။

စက်ရုံအလုပ်ရုံများတွင် လုပ် ခလစာနည်းပါးသည့် ဝန်ထမ်းများ ရှိ နေပြီးယင်း တို့ မှာ အခွန်ငွေပေးဆောင် ရမည့် လုပ်ခခံစားခွင့်များမရရှိကြ ပေ။ သို့ဖြစ်ရာ ယင်းတို့အား လုံးပေးဆောင်ရမည့်အခွန်ငွေများကို တွက် ချက်လိုက်မည် ဆိုပါက တိုင်းပြည် အခွန်ငွေများဆုံးရှုံးနစ်နာနေသည်
::
ဝင်ငွေခွန်ပေးဆောင်ရာတွင် အစိုးရမှ သတ်မှတ်ထားသည့် သက် သာခွင့်များ ကိုခုနှိမ်ပြီးနောက် ကျန် ရှိသည့်ဝင်ငွေအပေါ် တွင် ပေးဆောင် ရမည်ဖြစ် သည်။ ခုနှိမ်ပြီးကျန်ရှိတဲ့တစ်နှစ်ဝင်ငွေသိန်းနှစ်ဆယ်အထက် ကနေသိန်းငါး ဆယ် အထိဝင်ငွေခွန် ငါးရာခိုင်နှုန်း ၊ သိန်းငါးဆယ်အထက် ကနေသိန်း တစ်ရာ အထိ တစ်ဆယ်ရာ ခိုင်နှုန်း၊ သိန်းတစ်ရာအထက်ကနေ သိန်းနှစ်ရာ အထိတစ်ဆယ့် ငါးရာခိုင် နှုန်း၊ သိန်းနှစ်ရာကနေသိန်းသုံးရာအ ထိ နှစ်ဆယ် ရာခိုင်နှုန်း၊ သိန်းသုံးရာ နဲ့အထက်ကိုနှစ်ဆယ့်ငါး ရာခိုင်နှုန်း ပေးဆောင်ရ မည်ဖြစ်ကြောင်း အခွန် အမျိုးအစား ငါးမျိုးသတ်မှတ်ထား ကြောင်း အစိုးရကထုတ်ပြန်ကြေညာ ထားသည်။

Yangon Media ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment