Pages

Pages - Menu

Friday, May 9, 2014

ပေါင်းတည်ထောင်အရှေ့ ရဲတပ်ဖွဲ့ဝင်များနှင့် လယ်သမားအချို့ ရုန်းရင်းဆန်ခတ်ဖြစ်၊သတင်းထောက်တစ်ဦးနှင်အမျိုးသမီးတစ်ဦး ဆေးရုံတင်ပို့ထားရ


RangonNewsDaily: May . 9 .2014
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သိမ်းဆည်းခံ လယ်သမားများသည့် ဧပြီလ(၁၂)ရက်နေ့တွင် ကြိမ်စာတိုက်ပွဲကို လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်အိမ်ရှေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် သဲကုန်းမြို့အထင်ကရ နတ်ကွန်းဖြစ်သည့် ရွှေကြို့ပင်နတ်ကွန်းရှေ့တို့တွင် ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့သည်။
အဆိုပါ ကျိန်စာတိုက်ပွဲတွင်ဦးဆောင်သူများဖြစ်ကြသည့် ကိုသန့်ဇင်ထက်၊ ကိုပေါက်စ၊ ဒေါ်ညို၊ ဒေါ်မုန်းနှင့် ကိုကျော်သူတို့(၅)ဦးအား လက်ထောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေးမှတရားလိုပြုလုပ်၍ သဲကုန်းရဲစခန်းတွင် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည်။

“ကျွန်တော်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ စခန်းမှူးဦးမျိုးမြတ်
စံက တရားလိုလုပ်ပြီးစွဲတာပါ။ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အိမ်ရှေ့မှာ ကျိန်စာတိုက်ပွဲ ပြုလုပ်ရတာက လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်ကိုယ်တိုင်က လယ်ယာမြေနဲ့ အခြားမြေများစုံစမ်းစစ်ဆေးရေး ကော်မရှင်မှာပါပြီး ကျွန်တော်တို့
တွေရဲ့လယ်ယာမြေတွေကို အကြိမ်ကြိမ် တင်ပြတောင်းဆိုထားပါသော်လည်း အခု
အချိန်အထိ အကြောင်းပြန်ကြားခြင်း တစုံတရာမရှိတဲ့အတွက် သူ့အိမ်ရှေ့မှာ လုပ်ရ
တာပါ။ကျွန်တော်တို့ ကျိန်စာတိုက်ပွဲလုပ်ရတာက လယ်သမားတွေရဲ့ လယ်ယာမြေ
တွေကို မတရားသိမ်းဆည်ူးခံထားရတဲ့အတွက် ကျွန်တော်တို့လယ်သမားတွေက မခံမရပ်နှိုင်လိုရယ် သူတို့လယ်ယာမြေတွေပြန်ရဘို့ရယှ်ိ့ လုပ်ရတာပါ
::
ရှေ့ဆက်ပြီး အခုကျွန်တော်ကိုစွဲဆိုထားတဲ့ အမှုကိုလည်း ရင်ဆိုင်သွားမှာပါ။ ကျွန်တော်က အဲဒီ(၆-၅-၂၀၁၄)ရက်နေ့မှာ အခုစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ)အပြင် အယင်က စွဲဆိုထားတဲ့ ပုဒ်မ(၁၈)အတွက်လည်း ရုံးချိန်းနေ့ပါ။အဲဒီသဲကုန်းတရားရုံးမှာပါပဲ။ 

ပြီးတောကျွန်တော်တို့လယ်သမားတွေရဲ့လယ်ယာမြေတွေ မရမချင်း ဘယ်လိုပဲ ရင်ဆိုင်တွေ့ကြုံ ရပါစေ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်။”ဟု လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ကိုသန့်ဇင်ထက်မှပြောသည်။
::
အဆိုပါအမှုကို ၆-၄-၂၀၁၄ ရက်နေု့တွင် သဲကုန်းမြို့နယ်တရားရုံးတွင်စစ်ဆေးရာ ကိုသန့်ဇင်ထက်နှင့်ကိုကျော်သူတို့မှာ ရုံးချိန်းပျက်ကွက်ပြီး ရုံးချိန်းသို့တက်ရောက်သော ဒေါ်မုန်း၊ ဒေါ်ညိုနှင့် ကိုပေါက်စတို့(၃)ဦးအနက် ဒေါ်ညိုနှင့်ဒေါ်မုန်းမှာအာမခံ
ရသော်လည်း ကိုပေါက်စမှာ အာမခံမရပဲ ယင်းနေ့ညနေပိုင်းတွင်ပင် ပေါင်းတည်ထောင်သို့ပို့ဆောင်ခံရ ကြောင်း၊ 

ကိုပေါက်စကိုထောင်သို့ပို့ဆောင်ရန်ခေါ်သွားစဉ် ကိုပေါက်စ၏ဇနီးမှာ မေ့မျောသွား
သဖြင့် သဲကုန်းဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်းနှင့် ပေါင်းတည်ထောင်သို့ လိုက်ပါ
ပို့ဆောင်သောလယ်သမားများနှင့် ရဲများ ရုံးရင်းဆန်ခတ်ဖြစ်ကာ လယ်သမားဒေါ်ညို၊ လယ်သမားဒေါ်ဝင်းနှင့် အလွတ်သတင်းသမား ကိုမာနော် တို့(၃)ဦးမှာ ပေါင်းတည်ဆေးရုံသို့ တင်ထားရကြောင်း သတင်းရရှိပါသည်။

ကိုလေး(ပြည်)
News WatchJournal ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment