Pages

Pages - Menu

Tuesday, May 13, 2014

မန္တလေးတွင် မိုးသက်လေပြင်း တိုက်ခတ်၊ ကွန်ကရစ်ဓာတ်တိုင် (၁၇) တိုင် ပြိုလဲ

RangonNewsDaily: May . 13 .2014
မန္တလေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် အတူ မိုးသက်လေပြင်း တိုက်ခတ်မှုမှာ တစ်နာရီ (၁၈) မိုင်နှုန်း အထိ ရှိခဲ့ပြီး ယင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင် (၁၇) တိုင် ပြိုလဲခဲ့သည်။ အဆိုပါဖြစ်စဉ်သည် ယမန်နေ့ ညနေ (၆) နာရီအချိန် က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မိုးရွာ သွန်းသည့် အချိန်သည့် တစ်နာရီခွဲခန့် သာကြာမြင့် ခဲ့သော်လည်း မိုးရေချိန် (၁ ဒသမ ၁၄) လက်မ အထိရှိ ခဲ့သည်။
အဆိုပါမိုးရွာ သွန်းမှုကြောင့် မန္တလေးမြို့အတွင်း လမ်းမကြီး အချို့တွင် ရေကြီး ရေ
လျှံမှုများ ဖြစ်ပေါ်ခဲ့ သည်ဟု မန္တလေးတိုင်း ဒေသကြီး မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဦးမင်းမင်းဇော် က ပြောသည်။
::
လေပြင်း တိုက်ခတ်မှုကြောင့် ဓာတ်တိုင် များပြိုလဲပြီး လျှပ်စစ် ဓာတ်ကြိုးများ ပြတ်
ကျကာ ရိုက်မိခဲ့သဖြင့် အောင်မြေသာစံ မြို့နယ် အင်ဂျင်နီယာ တစ်ဦးနှင့် ဒေသ
ခံပြည်သူ နှစ်ဦး မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ် ဆေးကုသမှု ခံယူ
ခဲ့ရသည်။

လေပြင်းကြောင့် သစ်ပင်ကြီးများ ပြိုလဲခဲ့ပြီး (၃၃) ကေဗွီ မြောက်ပြင်-ညောင်ကွဲ ဓာတ်
အား လိုင်းမှ ကွန်ကရစ် ဓာတ်တိုင် ကိုး တိုင်၊ (၁၁) ကေဗွီ ညောင်ကွဲ ရေပေးရေး ဓာတ်
အားလိုင်းမှ ကွန်ကရစ် ဓာတ်တိုင် ရှစ်တိုင် စုစုပေါင်း လျှပ်စစ် ဓာတ်အားပေး ဓာတ်
တိုင် (၁၇) တိုင် လဲပြိုခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံး စီမံရေး ဌာနမှ သိရသည်။
::
ဓာတ်တိုင်တွေ ပြိုလဲကျလို့ အဲဒီဓာတ် တိုင်တွေက တစ်ဆင့် မီးပေးထားတဲ့ ရပ်ကွက် သုံးကွက်တော့ မီးအား ခေတ္တဖြတ်ထား တယ်။ ပြုပြင်နေပါပြီ။ မကြာခင် မီးပြန်ပေး
နိုင်မှာပါ””ဟု လျှပ်စစ် အင်ဂျင်နီယာရုံး စီမံရေးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး
က ပြောသည်။ ထို့အပြင် မန္တလေးမြို့ ကျုံးအနောက် ဘက် ပလက်ဖောင်းပေါ်ရှိ သစ်ပင်ကြီးအချို့ လဲပြို ခဲ့သည့်အပြင်၊ သစ်ပင်များစွာ လဲပြိုမှုများလည်း ရှိခဲ့သည်။

Messenger News ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment