Pages

Pages - Menu

Monday, May 12, 2014

ပိုက်ဆံမထုတ်ပဲ ရွှေသာ ထုတ်ပေးတဲ့ ဒူဘိုင်းက ATM စက်


RangonNewsDaily: May . 12 .2014
အာရပ်စော်ဘွား သူဌေးများ နေထိုင်ရာ ယူအေအီး နိုင်ငံက ဒူဘိုင်း မြို့မှာ ဖြစ် ပါတယ်။ ပိုက်ဆံ ထုတ်တဲ့ ATM အပြင် ရွှေတွေချည်း သီးသန့် ထုတ်ပေးတဲ့ ATM စက်ပါ ထားရှိထားကြောင်း သိရ ပါတယ်။
ဒါဟာ တိုင်းပြည်က လူချမ်းသာ အရေအတွက် များပြား ကြောင်းကို ထင်အပ် စေတဲ့ ဂုဏ်ပုဒ် တစ်ခု ပါပဲ။ ရွှေထုတ်ပေးတဲ့ ATM စက်ရဲ့ လုံခြုံ ရေး ကိုလည်း အသေအချာ ပြုလုပ်ပေး ထားပါတယ်။

ထုတ်ယူ နိုင်တဲ့ ရွှေက ၂၄ ကာရတ် အရည်အသွေး ရှိပြီး အမျိုးအစားပေါင်း ၃၂၀ ကို ထုတ်ပေး နိုင်တယ် လို့ ဆိုပါတယ်။ တစ်ခါတည်း ဝတ်နိုင်လောက်အောင် ရယ်ဒီမိတ်တွေ ထုတ်ပေး ခြင်း ဖြစ်ကြောင်း ဆို ပါတယ်။
::
လိုချင်တဲ့ အလေးချိန် ပမာဏနဲ့ ရွှေအမျိုးအစားကို ရွေးချယ်လို့ ရပါတယ်။ ဒီတော့ အတွင်းမှာ အော်တို အလုပ်လုပ်တဲ့ ရွှေစက်ရုံ အသေးစားပဲ ရှိနေ လား၊ အမျိုး ၃၂၀ မကသော ရွှေပစ္စည်းတွေများ ထည့်ထား သလား ဆိုတာ မသိရ ပါဘူး။ 

လက်ရှိမှာ ယင်းဟာ ကမ္ဘာ့ပထမဆုံး ရွှေထုတ်ပေးတဲ့ ATM စက်အဖြစ် စံချိန်တင်သွားပြီး အလုံးရေ များများ ထုတ်လုပ်လို့ မြို့ အနှံ့ တပ်ဆင် အသုံးပြု သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dyknow
ရိုးရာလေး ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment