Pages

Pages - Menu

Sunday, April 27, 2014

ရေဆေးစရာ မလိုဘဲ အလိုအလျောက် သန့်စင်သွားမည့် Nissan မော်တော်ကား


RangonNewsDaily: April . 27 .2014
ရွှံ့စက်များ၊ ဖုံမှုန့်များကို ရေဆေးစရာ မလိုဘဲ အလိုအလျောက် သန့်စင်ပေးနိုင်မည့် နည်းပညာမျိုး ပါဝင်သော ကားသစ်များကို ဂျပန်မော်တော်ယာဉ် လုပ်ငန်းကြီးက စတင်ရောင်းချသွားရန် စီစဉ်နေပြီဟု သိရှိရသည်။
မော်တော်ယာဉ် ရေဆေးသည့် လုပ်ငန်းများအတွက် ဒေါသထွက်ဖွယ် သတင်းတစ်ခုကို Nissan မော်တော်ကား ကုမ္ပဏီက ဖန်တီးလိုက်ပြီ ဖြစ်သည်။ ရွှံ့စက်များ၊ ဖုံမှုန့်များကို ရေဆေးစရာ မလိုဘဲ အလိုအလျောက် သန့်စင်ပေးနိုင်မည့် နည်းပညာမျိုး ပါဝင်သော ကားသစ်များကို ဂျပန်မော်တော်ယာဉ် လုပ်ငန်းကြီးက စတင်ရောင်းချသွားရန် စီစဉ်နေပြီဟု သိရှိရသည်။

လတ်တလောတွင် Nissanသည် အဆိုပါ နည်းပညာကို လက်တွေ့စမ်းသပ်မှု ပြုလုပ်နေပြီ ဖြစ်သည်။ Nissanသည် သုတ်ဆေးတစ်မျိုးကို တီထွင်ခဲ့ခြင်းဖြစ်ပြီး ယင်းသုတ်ဆေးက ရေစက်များ၊ ဆီများနှင့် ဖုန်မှုန့်များကို တွန်းကန်ဖယ်ရှားနိုင်စွမ်း ရှိနေသည်။

Nissan၏ ဗြိတိသျှ အခြေစိုက် အင်ဂျင်နီယာများက နာနိုနည်းပညာ ပေါင်းစပ်ထားသည့် အဆိုပါ သုတ်ဆေးကို စမ်းသပ်ပြီး စိတ်ကျေနပ်ဖွယ် အလားအလာများ ရှိနေကြောင်း သိရသည်။ ယင်းနည်းပညာတွင် ကားပေါ် ကျရောက်လာသည့် ရွှံ့စက်များ၊ ဖုံများနှင့် အခြားအညစ်အကြေးများသည် စွဲမြဲနေမှု မရှိမီမှာပင် ဖယ်ရှားခံရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ယင်းသုတ်ဆေးကို အသုံးပြုထားသည့် မော်တော်ကား၏ ပိုင်ရှင်သည် ၎င်း၏ကားကို မည်သည့်အခါတွင်မျှ ဆေးကြောနေစရာ လိုတော့မည် မဟုတ်ချေ။ ဆန်းဒါးလန်းတွင် အခြေစိုက်သော Nissan ကုမ္ပဏီခွဲသည် အောက်တိုဘာလတွင် Nissan Note ကားသစ်များ၌ ယင်းနည်းပညာကို စတင်မိတ်ဆက် ရောင်းချလာဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။

အဆိုပါ ကားတစ်စင်း၏ တန်ဖိုးသည် ပေါင်စတာလင် (၁၂၁၀၀)မှ (၁၇၁၀၀)ကြား ရှိနိုင်ပြီး အလိုအလျောက် သန့်စင်နိုင်သည့် သုတ်ဆေးကိုပါ ဖြည့်တင်းမည်ဆိုပါက နောက်ထပ် ပေါင်စတာလင် (၄၅၀)ဝန်းကျင် ပေးချေရဖွယ် ရှိနေကြောင်း လေ့လာသူများက ခန့်မှန်းထားသည်။ Nissanမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက “Nissan Noteဟာ ကားဆေးတဲ့ လုပ်ငန်းတွေကို အသုံးမဝင်တော့သလို ဖြစ်သွားစေမယ့် ပထမဆုံး နည်းပညာသစ် သုတ်ဆေးကို စမ်းသပ်ထားတဲ့ အမျိုးအစား ဖြစ်ပါတယ်။


ပုံမှန် ကားရေဆေးရတာဟာ အလုပ်ရှုပ်ပြီး ငွေကုန်ကြေးကျလည်း များတယ်လေ။ Nissanက ရွှံ့စက်၊ မိုးရေ၊ ဖုံမှုန့်အမျိုးမျိုးတို့ကို အလိုအလျောက် တွန်းလှန်နိုင်တဲ့ ကားကိုယ်ထည် သုတ်ဆေးကို ထိုးထွင်းတီထွင်နေတာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်း၏ အဆိုအရ Nissanသည် ယခုနည်းပညာတွင် သုတ်ဆေး၌ အကာအကွယ် လေထုအလွှာတစ်ရပ်ကို ပေါင်းစပ်ထည့်သွင်းထားပြီး ယင်းအလွှာက ကားကိုယ်ထည်ဖော် ကျရောက်လာသည့် ပြင်ပပစ္စည်းများကို စွဲကပ်မနေအောင် တွန်းလှန်ဖယ်ရှားပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Planet , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment