Pages

Pages - Menu

Sunday, April 27, 2014

၂ဝ၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်မည့် ရန်ကုန်ဘူတာကြီးနယ်မြေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း


RangonNewsDaily: April . 27 .2014
ရန်ကုန်မြို့လယ်ကောင်၏ အချက်အချာကျရာနေရာဖြစ်သော လက်ရှိ ရထားစီးအများပြည်သူများ သွားလာရေးအဆင်ပြေနေသည့် ရန်ကုန်ဘူတာ ကြီးအား စီးပွားရေးဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်မှုကဏ္ဍ အထောက်အကူဖြစ်စေရန် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖော်ဆောင်တော့မည်ဖြစ်သည်။
ရန်ကုန်ဘူတာကြီးမှာ ၁၈၇၉ ခုနှစ်တွင် ရန်ကုန်မြို့၏ ပထမဆုံးဘူတာ ရုံဖြစ်ခဲ့ပြီး လက်ရှိ ဧရိယာအနေအထားအရ ၂၅ ဒသမ ၃ ဟက်တာ (၆၂ ဒသမ ၄၈၆ ဧက)ရှိကြောင်း သိရသည်။ အဆိုပါ ရန်ကုန်ဘူတာကြီး နယ်မြေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
တစ်ရပ်လုပ်ဆောင်ရာတွင် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ (သို့မဟုတ်)၂ ဒသမ ၅ ဘီလီယံကုန်ကျမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ယနေ့ ညနေ ၅ နာရီခွဲက ပြုလုပ်သော ရန်ကုန်ဘူတာကြီးရှိ မီဒီယာတွေ့
ဆုံပွဲတွင် ပြောကြားခဲ့ သည်။

ရထားလုပ်ငန်းနှင့်ဆက်စပ်လျက်ရှိသော အထပ်မြင့်အဆောက်အအုံ များ၊ ဟိုတယ်များနှင့် စီးပွားရေးလုပ်ငန်းများပါဝင်မည့် စီမံကိန်း

တစ်ရပ်ကို နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖော်ဆောင်တော့မည်ဖြစ်ရာ လုပ်ငန်းကော်မတီများ၊ နည်းပညာအကြံပေးအ
ဖွဲ့ဝင်များဖြင့် စီစဉ်ဆောက်ရွက် ထားပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာစံညွှန်းများနှင့်အညီ စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံလိုသူ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်ကုမ္ပဏီများအား မြန်မာ့မီးရ

ထားနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ကြရန်အတွက် ယနေ့ ခေါ်ယူဆွေးနွေးပြီးဖြစ်ကာ နောက်ထပ် တစ်လအကြာတွင် တင်ဒါအတွက် proposal များ ရယူ မည်လည်းဖြစ်သည်။ အဆိုပါ proposal ပေးမည့် အကောင်းဆုံး ကုမ္ပဏီအား အများပြည်သူများသိရှိစေ ရန်
အတွက် ရှစ်လကြာ တင်ပြပုံ၊ တင်ပြချက်များ (Presentation) အား လုပ်ဆောင်စေမည်ဖြစ်ပြီး သတင်းမီဒီယာများမှတစ်ဆင့် အသိ ပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် နိုဝင်ဘာ တတိယပတ်တွင် နိုင်ငံတကာ ရင်းနှီးတည်ဆောက်မည့် Developer များအား ရွေးချယ်သွားမည်ဖြစ် သည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ''ကျွန်တော်က ဒီဘူတာကြီးဆောင်ရွက် မယ့်လုပ်ငန်းကော်မတီမှာ ဒုဥက္ကဋ္ဌပါ၊ ဒီ Project အတွက်ကို အကြံပေး အဖွဲ့ ကလည်း အကြံပဲပေးသွားမှာပါ၊ Project အတွက်ကိုလည်းနိုင်ငံတော် က ဆုံးဖြတ်မှာပါ၊ ဒီဘူတာကြီး Project အတွက်ကုမ္ပဏီကို ရွေးချယ် တဲ့အခါမှာ တစ်ခုတည်းလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်၊


ဒါမှမဟုတ်လာသမျှကုမ္ပဏီတွေကိုလည်း Process နဲ့  ညီရင်လက်ခံသွားမှာပါ၊ ဒီနှစ်နိုဝင် ဘာလ တတိယပတ်မှာ ရွေးချယ်တဲ့ ကုမ္ပဏီတွေကို သုံးလအကြာDetail Plan ရေးဆွဲခိုင်းမယ်လေ၊ ဒီလို ရေးဆွဲတဲ့အခါမှာလည်း ကျွန်တော်တို့ ဦးဆောင်ကော်မတီရဲ့ ပုံစံနဲ့ပဲရေး ဆွဲကြရမှာပါ၊ပြီးရင် နောက်နှစ် ဖေ ဖော်ဝါရီ၊မတ်လောက်မှာစဆောက် မယ်၊အဲဒီအချိန်မှာ ကျွန်တော်တို့ မီး ရထား
ဝန်ထမ်းအိမ်ရာတွေပါအခြားနေရာကိုပြောင်းရွှေ့ကြရမှာပါ၊ သူတို့ ပြောင်းရွှေ့ရမယ့် နေရာတွေအနီးမှာ လည်းနိုင်ငံတကာလုပ်ထုံး
လုပ်နည်း နှင့်အညီ ဆံပင်ညှပ်ဆိုင်များ၊ ကလေးကစားကွင်းများ၊ မီနီမား ကက်များပါအဆင့်မြင့် ပြုလုပ်ပေး သွားမှာပါ၊ ဝန်ထမ်းတွေကိုလည်း ကျွန်တော်တို့က ရှင်းပြပြီးပါပြီ၊သူတို့ လည်း လက်ခံကြပါတယ်''ဟုမီဒီယာ တွေ့ ဆုံပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိရန်ကုန်ဘူတာကြီးဝန်းကျင်ရှိ အများပြည်သူများအားအဆင့်မြှင့် တင်ဆောင်ရွက်သွားမည်နှင့် စပ်လျဉ်း ၍ စနစ်တကျ Awarenessပေးထား ကြောင်း သိရပြီး ရန်ကုန်ဘူတာကြီး အနီးနေထိုင်သောမီးရထားဝန်ထမ်းအိမ်ရာများနှင့် စက်ခေါင်းရုံတွဲပြင် များအား လုပ်ငန်းခွင်များနှင့် ဆက်စပ် နေရာများဖြစ်သော ရွာသာကြီး၊ မလွှကုန်း၊ကြည့်မြင်တိုင်ဘူတာများ အနီးတွင် ပြောင်းရွှေ့နေရာချပေးသွား မည်လည်းဖြစ်သည်။

၂ဝ၁၅ ခုနှစ်ဖေဖော်ဝါရီ၊မတ်လတို့ တွင်စတင်ဆောင်ရွက်မည်ဖြစ်သော ရန်ကုန်ဘူတာကြီးနယ်မြေဘက်စုံဖွံ့ ဖြိုး တိုးတက်ရေး စီမံကိန်းတစ်ရပ်မှာ နောက် ၁ဝ နှစ်တာကာလအတွင်း အရေးကြီး အဆင့်မြင့် အဆောက် အအုံများ၊ Shopping Mall များ စားသောက်ဆိုင်များဖြင့် တစ်ဆင့် စီတက်လှမ်းသွားမည်ဖြစ်ပြီး ရထားစီး ခရီးသွားများသာမက လမ်းသွားလမ်း လာအများပြည်

သူများကပါ နေရာတစ် နေရာတည်းအတွင်း လိုအပ်သည်များ ကိုရရှိနိုင်တော့မည်ဖြစ်ရာ နိုင်ငံတော် ဝင်ငွေလည်းတိုးတက်
လာမည်ဖြစ်ပြီးရထားစီးအများပြည်သူများသာမက မြန်မာ့မီးရထားမှလိုအပ်သော ရထား တွဲစက်ခေါင်းများ၊တွဲဆိုင်းများ၊ လို အပ်သောစက်ပစ္စည်းများဝယ်ယူလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Mirror Daily

KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment