Pages

Pages - Menu

Wednesday, April 9, 2014

အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦး လှိုင်သာယာတွင်တစ်ဦးတည်း သန်းခေါင်စာရင်းလိုက်လံကောက်ခံနေရာ အချိန်မီတားဆီးခဲ့ရ

RangonNewsDaily: April . 9 .2014
စာရင်းကောက်ယူသည့်ဆရာ၊ ဆရာမများကိုအားကျ၍ အသက် ၁၇ နှစ် အရွယ်လူငယ်တစ်ဦးက လှိုင်သာယာ မြို့နယ်အတွင်း တစ်
ဦးတည်းလိုက်လံသန်းခေါင်စာရင်းကောက်ခံမှုပြုလုပ်ခဲ့ ရာ အချိန်မီတားဆီးနိုင်ခဲ့ကြောင်း ယင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုသည့် စာရွက်စာ တမ်းများနှင့်ဝတ်စုံမပါဝင်ဘဲ ၎င်းတစ်ဦးတည်းက အိမ်ထောင်စု ၃၅ အိမ်ကို ဧပြီလ ၆ရက် နေ့က ကောက်ယူမှုပြုခဲ့ကြောင်း မြို့နယ်မှူး ဦးမျိုးဝင်းက ပြောသည်။
လှိုင်သာယာမြိုနယ် အမှတ်(၁၁) ရပ်ကွက် ကရမက်လမ်းအတွင်းရှိ အိမ်ထောင်စုများထံသို့ တာဝန်ကျစာရင်းကောက်ဆရာမက သန်းခေါင်စာရင်း ကောက်ယူရန် သွားရောက်
စဉ် အိမ်ရှင်များက လာရောက်ကောက်ယူပြီးဖြစ်ကြောင်း ပြောပြခဲ့ရာမှတစ်ဆင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဆက်လက်စုံစမ်းသ
တင်းပေးပို့မှုကြောင့် အချိန်မီ တားဆီးနိုင်ခဲ့သည်ဟု ၎င်းထံမှ သိရသည်။

ပြစ်မှုကျူးလွန်လိုသည့် စိတ်ဆန္ဒမပါဘဲပြုခဲ့သည့် လုပ်ရပ် တစ်ခုဖြစ်သည့်အပြင် ဥပဒေနှင့်လည်း မငြိစွန်းသည့်အတွက် ခံဝန်လက်

မှတ်ထိုးခိုင်းခြင်းမှအပ တစ်စုံတရာပြုလုပ်ခဲ့ခြင်းမရှိခဲ့ဟု ၎င်းက ဆက်ပြောပြသည်။

''သန်ခေါင်စာရင်းကောက်ခံတဲ့ ဝတ်စုံဝတ်ထားတယ်။ စာရွက်စာ တမ်းတွေပါရင်တော့ သန်ခေါင်းစာရင်းဥပဒေ ပုဒ်မ (၁၈) အယောင်ဆောင်မှုနဲ့ ဖမ်းလို့ ရတယ်'' ဟု မြို့နယ်မှူး ဦးမျိုးဝင်း က ပြောသည်။ အဆိုပါ သန်ခေါင်စာရင်း ဥပဒေပုဒ်မ ၁၈ ဆိုသည်မှာ ၂ဝ၁၃ ခုနှစ် လူဦးရေနှင့်အိမ်ထောင်စု သန်ခေါင်းစာရင်းဥပဒေအခန်း(၅) တားမြစ်ချက် များတွင်ပါဝင်သော မည်သူမျှသန်ခေါင် စာရင်းကောက် ယူသူအဖြစ်အယောင်ဆောင်ခြင်း မပြုရဟူ၍ဖြစ်ကြောင်း ၎င်း ထံမှသိရသည်။

၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မတ်လ ၃ဝ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ၉ ရက်တာကာလအတွင်း ယင်းကဲ့သို့  ယောင်ဆောင်ကောက်ခံခြင်းမှ ပထမဆုံးဖြစ်ကြောင်း သိရသည်။

Popular Myanmar , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment