Pages

Pages - Menu

Wednesday, April 9, 2014

နေပြည်တော်ဘုန်းကြီးကျောင်းကိစ္စအာဏာပိုင်နှင့် ထိပ်တိုက်တွေ့လာနိုင်ဟု လွှတ်တော်ကိုယ်စားလှယ်သတိပေး

RangonNewsDaily: April . 9 .2014
ဖယ်ရှားမပေးလျှင် ဆွဲချဖမ်းဆီး ခြင်းများ ပြုလုပ်လာမည့် နေပြည်တော် မှ ဘုန်းကြီးကျောင်းကိစ္စရပ်ကြောင့် မကြာမီ အာဏာပိုင်နှင့် ယင်းကျောင်း သံဃာတို့အကြား ထိပ်တိုက်တွေ့လာနိုင်ကြောင်း ဇမ္ဗူသီရိ မဲဆန
္ဒနယ် လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကသတိပေးပြောကြားသည်။ပြီးခဲ့သည့်နှစ်မှစ၍ နေပြည်တော်
အာဏာပိုင်များက နေပြည်တော်ကောင်စီအတွင်းရှိဘုန်းကြီးကျောင်း၃ဝကိုကျူးကျော်ဝင်ရောက်ဆောက်
လုပ် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားခိုင်းမှုများကို ပြုလုပ်ခဲ့ပြီးနောက် အမိန့် မလိုက်နာသူ သံဃာအချို့အား
လူဝတ်လဲစေကာ ထောင်ချခြင်းများ ပြုလုပ် ခဲ့မှု၏ နောက်ဆက်တွဲသက်ရောက်မှုများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။


''ကျန်နေတဲ့သံဃာတွေကလည်း မဖယ်ပေးဘူး။ လုပ်ချင်တာလုပ်၊ အာဏာပိုင်တွေလည်း သူတို့ဝတ္တရားအ
တိုင်း ဖမ်းတာဆီးတာတွေတော့ လုပ်မှာပဲ။ အဲဒီအခါမှာ ဘာတွေဆက်ဖြစ်မလဲ ကျွန်မ တော်တော် စိုးရိမ်နေ
တယ်'' ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
::
ယခုအခါတွင်ထွက်ခွာပေးရန်ကျူးကျော်ဘုန်းကြီးကျောင်းများကိုညန် ကြားလွှာပေးပို့ခြင်းများ၊ ရှောင်တိမ်းပြေး
ခွာသူများကို ဝရမ်းပြေးအဖြစ် သတ်မှတ်ကြောင်းကို အာဏာပိုင်များက အမိန့်စာကပ်ခြင်းများ ပြုလုပ်လျက်
ရှိနေ ကြသည်။

အမိန့်စာအကပ်ခံရသည့် ရွှေဝါမြိုင် ဆရာတော်ဦးပညာလင်္ကာရက- ''ရှောင်ဖယ်ပြီး ပြေးမှာမဟုတ်ဘူး။ ဦး
ပဉ္ဇင်းကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ရင်ဆိုင်သွားမယ်'' ဟု မိန့်ကြားသည်။
::
ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့ နယ်တို့မှ ကျူးကျော်သည်ဟု အစွပ်စွဲခံထားရသော ကျောင်းထိုင်အချို့မှာ ထွက်ပြေးတိမ်းရှောင်ခြင်းများ ပြုလုပ် လျက်ရှိသည်ဟု အထက်ပါ ဆရာတော် ထံမှ သိရသည်။

သို့သော်လည်း ထိပ်တိုက်ရင်ဆိုင်မှုပြုမည့် ကျောင်း အချို့မှာ နှစ်ကျောင်းသုံးကျောင်းသာ ရှိနေကြောင်း သိရ
သည်။ လူဝတ်လဲကာ ထောင်ချခြင်းခံလိုက်ရသည့် ကျောင်းထိုင်နှစ်ပါးကိုတရားရုံးက ထောင်ဒဏ်ခြောက်လ အပြစ်ပေးလိုက်ပြီး ကျန်ဘုန်းကြီး ကျောင်းအချို့ကိုဝရမ်းစာကပ်၍ ကြေညာထားခဲ့သည်။

Popular Myanmar ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment