Pages

Pages - Menu

Friday, April 4, 2014

တက္ကဆက်ရှိ အမေရိကန်စစ်စခန်း ပစ်ခတ်မှုဖြစ်ပွား၊ စစ်သားသုံးဦးသေဆုံး ၁၆ ဦး ဒဏ်ရာရ

RangonNewsDaily: April . 4 .2014
အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် အခြေစိုက် စစ်စခန်းတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့လေရာ စစ်သားသုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။အဆိုပါ စစ်စခန်းသည်
၂၀၀၉ ခုနှစ်ကလည်းတစ်ကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးပြီး ထိုပစ်ခတ်မှု ဖြစ်စဉ်ကပိုပြီး ကြီးကျယ်ခဲ့ကာ စစ်သား ၁၃ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။
အခုဖြစ်ပွားခဲ့သည့် စစ်တပ်အတွင်း သေနတ်ပစ်ခတ်သည့် ဖြစ်စဉ်ကြောင့် နှလုံးကြေကွဲရကာ ယင်းကိစ္စအတွက် အသေးစိတ် စုံစမ်း
မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားက ပြောကြားခဲ့သည်။အမေရိကန်စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ
ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ယင်းတိုက်ခိုက်မှုသည် အကြမ်းဖက်မှုနှင့် ဆက်စပ်ခြင်း မရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်မှု ဖြစ်ပွးခဲ့သည့် နေရာမှာစစ်တပ်အခြေစိုက်စခန်းအတွင်းရှိကားလ်အာဒါနယ် စစ်ဆေးရုံတွင် ဖြစ်သည်ဟု သတင်း

အတည်ပြုချက်များက ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများတွင် အခြေအနေ သိပ်မစိုးရိမ်ရသူများ ရှိသကဲ့သို့ အခြေအနေ အလွန်စိုးရိမ်ရ သူများလည်း ပါဝင်ကြောင်း ဆေးရုံ

ဝန်ထမ်းများက ဆိုသည်။

Ford Hood စစ်စခန်းအတွင်းမှ တပ်ရင်းနံပါတ် (၁) က Twitter မှနေ၍ သတိပေးချက် ထုတ်ပြန်ခဲ့ကာ အနီးအနား အိမ်များအားလုံး တံခါးများ ပိတ်ထားကြစေ လိုကြောင်း၊ ပြတင်းပေါက် များမှ ဝေးဝေးနေကြစေလိုကြောင်း သတိပေးချက် ဖြစ်သည်။


စစ်စခန်းမှ ဒါရိုက်တာအဖွဲ့က အမေရိကန် မီဒီယာများကို သေနတ်သမားအား အသေဖမ်းမိသွားပြီဟု ဖြေကြားခဲ့မှုလည်း ရှိသော်

လည်း သက်သေ အထောက်အထားနှင့်တကွ အတည်ပြုခြင်း မဟုတ်ပေ။

သေနတ်ပစ်ခတ်သူမှာ အသက် ၃၄ နှစ်အရွယ်ရှိ တပ်သားသစ် အိုင်ဗန်လိုပက်ဇ် ဖြစ်သည်ဟု အမေရိကန် မီဒီယာများက ရေးသား

မှုများရှိပြီး အစိုးရ တရားဝင် ထုတ်ပြန်ချက်များကို ကိုးကားခြင်းတော့ မဟုတ်ပေ။

ပြစ်မှုကျူးလွန်သည့် တပ်သားသည် အီရတ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါ စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်း စသည့်ဝေ

ဒနာများကို ကုစားခြင်း ခံယူထားရသည်ဟု စစ်တပ် ပြောရေးဆိုခွင့်ရှိသူ အရာရှိ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ဆိုသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment