Pages

Pages - Menu

Wednesday, April 23, 2014

၁၀ ရက်ကြာပိတ်ထားသည့် အစိုးရရုံးများပြန်ဖွင့်၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ရွှေဂုံတိုင်) ရုံးတို့တွင် တန်းစီစောင့်ဆိုင်းရသည်အထိ လုပ်ငန်းဆောင်ရွက်သူ များပြား

RangonNewsDaily: April . 23 .2014
မဟာသင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး ၁၀ ရက်ကြာ ပိတ်ထားသည့် အစိုးရရုံးများသည် ဧပြီ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ရွှေဂုံတိုင်)တို့တွင် တန်းစီစောင့်ဆိုင်းရသည်အထိ လုပ်ငန်းဆောင်ရွက်သူများ များပြားခဲ့သည်ကို တွေ့ရသည်။မဟာသင်္ကြန် ရုံးပိတ်ရက် ကာလအဖြစ် ဧပြီ ၁၂ ရက်မှ ၂၁ ရက်အထိ ၁၀ ရက်ကြာ အစိုးရရုံးများကို ပိတ်ထားခဲ့ပြီးသည့်နောက် ပြန်လည်ဖွင့်လှစ်ရာတွင် ယခုကဲ့သို့ လုပ်ငန်းဆောင်ရွက်လိုသူများ များပြားခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်လိုသူများသည် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် ရုံးဖွင့်ချိန်မတိုင်မီ နံနက် ၈ နာရီခန့် ကတည်းက စောင့်ဆိုင်းခဲ့ကြသည်ကို တွေ့ရပြီး ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံးတွင်လည်း လုပ်ငန်းဆောင်ရွက်ရန် စောင့်ဆိုင်းသူ အများအပြား တွေ့ရသည်။

ရန်ကင်းမြို့နယ်တွင် နေထိုင်သူ မသဲအိဖြူက “သင်္ကြန်မတိုင်ခင် ကတည်းက ဖုန်းပျောက်သွားလို့ အခုလာလျှောက်တာ မနက် ၁၀ နာရီကတည်းက ဖောင်တင်ထားတာ အခုထိ မရသေးဘူး။ ဖောင်က ၂ နာရီဆို ပိတ်တော့မှာ။ ဒီနေ့မှ စဖွင့်တာဆိုတော့ ကိုယ့်လိုလာလျှောက်တဲ့သူတွေ အများကြီးပဲ” ဟု ဧပြီ ၂၂ ရက် နံနက် ၁၁ နာရီခွဲတွင် ပြောကြားသည်။

အလားတူ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူ တစ်ဦးဖြစ်သူ တောင်ဥက္ကလာပမြို့နယ်မှ ကိုမင်းနိုင်ကလည်း “မနက် ၈ နာရီကတည်းက ရောက်နေတာ။ ခုထိ အလှည့်မကျသေးဘူး။ ဒီနေ့မှ ရုံးကစဖွင့်တာမို့လို့လား မသိဘူး။ လူတော်တော်များတယ်။ ကျွန်တော်က ထိုင်းကိုအလည်သွားမှာပါ” ဟုဆိုသည်။

ထို့ပြင် အစိုးရဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များတွင်လည်း ငွေလွှဲငွေထုတ်သူများဖြင့် များပြားခဲ့ကြောင်း သိရသည်။

Eleven Media  , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment