Pages

Pages - Menu

Friday, March 14, 2014

MH370 ခရီးသည် များ၏ မိသားစု များ လတ်တလော စားဝတ် နေရေး အတွက် ထောက်ပံ့ငွေ လက်မခံ


RangonNewsDaily: March . 14 .2014
မလေးရှား လေကြောင်းလိုင်း မှ ယခု ထိ ပျောက်ဆုံး နေဆဲ MH370 ခရီးသည် တင် လေယာဉ်ပေါ် လိုက်ပါ သွားသော တရုတ် ခရီးသည် များ၏ မိသားစု များအတွက် လတ်တလော စားဝတ် နေရေး အထောက် အကူရစေရန် အတွက် လေကြောင်းလိုင်းက ခရီးသည်တစ် ဦးလျှင် ၎င်းတို့၏ မိသားစုကို ဒေါ်လာ ငါး ထောင် စီ ထောက်ပံ့ရန် စီစဉ် ခဲ့ရာ မိသားစုဝင် များက လက်မခံ ဘဲ ပယ်ချ ခဲ့ကြကြောင်း သိ ရသည်။

လျော်ကြေးသဘောပေးခြင်းမဟုတ်၊ လက်တလော လေယာဉ် နှင့် အတူ ပျောက် ဆုံးနေသော မိသားစု ၀င် အတွက် ပူပင်သောက ရောက်ရမှုကြောင့် အလုပ်အကိုင်ပျက်ကြရ သဖြင့် စားဝတ် နေရေး ချောင်လည် စေ ရန် ရည်ရွယ်ချက်ဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောသည်။

 လေယာဉ်ပေါ် ပါသွား သည့် တရုတ် နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်တွင် နေ ထိုင်သူတစ်ဦး၏ ဆွေမျိုးတစ်ဦးက ကျွန်မ တို့ ပိုက်ဆံကို စိတ်မ၀င်စားပါဘူး။ လေယာဉ် ပေါ် ပါသွားသူတွေသတင်းကိုသာ ကြားချင် ပါတယ်။ 

အားလုံး ပြန်ရောက် လာ တာ ကိုပဲ လိုလား ပါတယ်”” ဟု ၎င်း က ပေကျင်း ဟိုတယ် မှ ပြောကြား လိုက်သည်။ လေယာဉ်ပေါ် ပါ သွားသော တရုတ်ခရီးသည် ၁၅၃ ဦး၏ မိသားစုဝင်များ ပေကျင်းသို့ စုဝေးရောက်ရှိနေ ပြီး လေယာဉ်သတင်းကို စောင့်စားလျက်ရှိသည်။

Source: AFP
ဓာတ်ပုံ-AFP
Messenger News  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment