Pages

Pages - Menu

Friday, March 14, 2014

မလေးရှားလေယာဉ် ၄ နာရီကြာ ဆက်ပျံခဲ့ဖွယ်ရှိ

မလေးရှားလေကြောင်းလိုင်း။
RangonNewsDaily: March . 14 .2014
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ ရေဒါစက်ကွင်း ကနေပျောက်ကွယ် သွားခဲ့ပြီးတဲ့နောက်မှာ လေးနာရီလောက်ကြာအောင် ဆက်ပြီး ပျံသန်းနေနိုင်တယ်လို့ လေယာဉ်ပျောက် ရှာဖွေရေးမှာ ပါဝင်တဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
ဂျက်လေယာဉ်ဟာ အချက်ပေးသံတွေ ပို့လွှတ်ခဲ့တာ တွေ့ရပြီး ဒါဟာ ကောင်းကင်ဂြိုလ်တုနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့တဲ့ လက္ခဏာလို့လဲ ပြောပါတယ်။

ဒါ့အပြင် လေယာဉ်ပျံဟာ လေကြောင်းထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးတဲ့နောက်မှာ မိုင်ပေါင်း ၂၅၀၀လောက် ဆက်ပြီး ပျံသန်းခဲ့ပုံရတယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို မူလလေယာဉ်ပျံသန်းမယ့် လမ်းကြောင်းရဲ့ အနောက်ဖက် အတော်ဝေးဝေးနေရာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ အထိ တိုးချဲ့ပြီး ရှာဖွေနေပါတယ်။

လူပေါင်း ၂၃၉ဦး လိုက်ပါလာတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းတဲ့ မလေးရှားလေကြောင်းခရီးစဉ်အမှတ် ၃၇၀ဟာ စနေနေ့ မနက် အစောပိုင်းမှာပဲ စတင်ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ဘိုအင်း 777 ပျောက်ဆုံးလေယာဉ်ကို နိုင်ငံပေါင်း ၁၂နိုင်ငံက လေကြောင်းကရော၊ သဘောင်္တွေကိုပါ သုံးပြီး ရှာဖွေနေကြပေမဲ့ အခုထက်ထိ အစအနတောင် မတွေ့ရသေးပါဘူး။

အာဏာပိုင်တွေက စက်ချို့ယွင်းမှု ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တာလား၊ အကြမ်းဖက်သမားကြောင့်လား၊ လေယာဉ်မှူးရဲ့ သေကြောင်းကြံစည်မှုကြောင့်လားဆိုတဲ့ တွက်ဆချက်တွေအပါအဝင် ဘယ်တွက်ဆချက်မျိုးကိုမှ လက်မခံသေးပါဘူး။

VOA , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment