Pages

Pages - Menu

Tuesday, March 25, 2014

၉၆၉ အဖွဲ့များ မောင်တောတွင် လှုပ်ရှားလျက်ရှိ

RangonNewsDaily: March . 25 .2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်းတွင် ၉၆၉ အဖွဲ့များ လှုပ်ရှားလျက် ရှိပြီး၊ဘုန်းကြီးကျောင်း
များတွင် စုဝေးလျက် ရှိကြောင်းသတင်းရရှိပါသည်။:မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာရှိ တောင်ပေါ်
ကျောင်းတိုက်၊ ငါးခူရ ကျေးရွာအုပ်စု၊ မြို့သစ်ရွာရှိဘုန်းကြီးကျောင်းနှင့် ခြံပြင် ကျေးရွာရှိ ကျောင်းတိုက် များတွင် ၉၆၉ အဖွဲ့
များ စုဝေး၍ အစည်းအဝေးများ ပြုလုပ် လျက်ရှိကြောင်း ဒေသခံများက RB News သို့ ပြောသည်။

မတ်လ ၁၈ ရက်နေ့မှ စ၍ ၎င်းအဖွဲ့သည် အနီးအနားရှိ ရိုဟင်ဂျာ ရွာများသို့ ၀င်ရောက်၍ မီးလောင်စေသည့် ဓာတု အမှုန့်
များ ဖြန့်ကျဲခြင်း၊ ညသန်းခေါင်ယံတွင် ၀င်ရောက်၍ မီးရှို့ရန် ကြိုးစားခြင်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
::
ယင်းနေ့ညတွင် အောင်စစ်ပြင် ကျေးရွာ အုပ်စု၊ ရိဒါရွာ၊ ကြိမ်ချောင်း ကျေးရွာ အုပ်စု၊ ရွာသစ်နှင့် လောင်းဒုံး ကျေးရွာ အုပ်
စု၊ ကျွန်းခေါင်း ရွာများသို့ဝင်ရောက်၍ ကြိုးစားခဲ့သော်လည်းရွာသူ ရွာသားများ၏ နိုးကြားမှုကြောင့်မအောင်မြင် ခဲ့ကြောင်း
သိရှိ ရသည်။
မတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် ကြိမ်ချောင်း ကျေးရွာ အုပ်စု အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်သိန်းနှင့် ကြိမ်ချောင်း ဆေးရုံတွင် တာဝန်ကျနေသည့် ဒေါက်တာ နုကေသီဇံ၏ ခင်ပွန်း ဖြစ်သူ တို့က ကြိမ်ချောင်း ဆေးရုံ ၀င်း၏ မီးများကို ပိတ်၍ ရခိုင်အစွန်းရောက် ၂၀ ကျော်ကို ဆေးရုံထဲတွင် ခေါ်ယူ၍ စုရုံး ထားခဲ့သည်။
::
သို့သော်လည်း ရွာထဲတွင် ရွာသားများ ကင်းလှည့်လျက် ရှိသောကြောင့် အကြံအစည် အထမမြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထိုနေ့တွင်ပင် ပဒကား ဒေ၀န်အာလီ ကျေးရွာသို့ ရခိုင်အစွန်းရောက်များ ၀င်ရောက်၍ မီးရှို့ရန် ကြိုးစားရာ ရွာသားများ စုပေါင်း၍ ကာကွယ် ခဲ့သောကြောင့် ရခိုင် အစွန်းရောက် ထွက်ပြေး သွားခဲ့သည်။
ယနေ့ နေ့လည် ၃ နာရီခန့်တွင် ရေတွင်းကျွန်း ကျေးရွာအုပ်စု၊ ရေတွင်းကျွန်း ကျေးရွာတွင် ဟိုင်းလပ်ကား တစ်စီး ပေါ်တွင် ရခိုင် အစွန်းရောက် ၇ ဦး သေနတ်များ ကိုင်လျက် စီးနင်း၍ ဖြတ်သန်း မောင်းနှင် သွားသည်ကို မြင်ခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ ပြောပါသည်။
::
သန်းခေါင်စာရင်း အချိန် နီးကပ်လာသည့် အမျှ ခြိမ်းခြောက်မှုများ ပိုမိုများလာပြီး၊ ဒေသခံ ရိုဟင်ဂျာများက အကြမ်းဖက် ခံရမည်ကို စိုးရိမ်လျက် ရှိသည်ဟု ဆိုသည်။

RB News ::--kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment