Pages

Pages - Menu

Tuesday, March 25, 2014

နမာဇ် အချိန်များဆိုင်ရာ ရှင်းလင်းချက်

RangonNewsDaily: March . 25 .2014
ဖဂျရ်နမာဇ်အချိန်
ဖဂျရ်နမာဇ်အချိန်သည် နံနက်အာရုံတက်ချိန်မှစကာ နေမထွက်မှီ အလျှင်အထိဖြစ်သည်။(သိရ်မီဇီ-အဘူဒါဝူဒ်)
ည၏နောက်ဆုံးပိုင်း လင်းကာနီးအချိန်တွင် အရှေ့အရပ်မှ အလင်းရောင်တစ်ခုသည် တိုင်ကဲ့သို့ အပေါ်သို့မြင့်တက်သွားသည်။ တဖန်ထိုအလင်းရောင်သည် အပေါ်မှ အောက်သို့ ဆင်းသက်လာသည်။ ၄င်းနောက် တောင်မှ မြောက်သို့ ပျံ့သွားသည်။ ထိုအချိန် ဆွဗ်ဟေဆွာဒိ(က်) အာရုံတက်ချိန်ဖြစ်သည်။ ထိုအချိန်မှ စကာ ဖဂျရ် နမာဇ်အချိန်စတင်လေသည်။(ဒုရ်ရေမုခ်သားရ်)

ဇဟိုရ်နမာဇ်အချိန်
ဇဟိုရ်နမာဇ်အချိန် သည် နေမွန်းလွဲချိန်မှ စတင်လေသည်။ ၄င်းနောက် အရာသတထ္ထုတိုင်း၏ အရိပ်သည် မွန်းတည့်ချိန်တွင်ရှိသည်။ အရိပ်အမြင့်နှစ်စရှိသည့် အချိန်မတိုင်မီအထိ ဇဟိုရ်နမာဇ်အချိန်ကျန်ရှိနေသည်။ ဆောင်းရာသီတွင် ဇဟိုရ်နမာဇ်ကို စောစောဖတ်ကာ နွေရာသီတွင် နောက်ဆိုင်းကာဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။(ဒုရ်ရေမုခ်သားရ်)

အဆွရ်နမာဇ်အချိန်
အဆွရ်နမာဇ်အချိန်သည် ဇဟိုရ်နမာဇ်အချိန် ကုန်ဆုံးပြီး အရိပ်နှစ်ပြန်ရှိသည့် အချိန်မှစသည်။ နေမ၀င်မီအချိန်အထိကျန်ရှိနေမည်။ နေရောင်သည် အ၀ါရောင်မသန်းမီ အလျှင် နမာဇ်ဖတ်ခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ အ၀ါရောင်သန်းချိန်ကျမှ ၀တ်ပြုလျှင် မက္ကရူဟ် ဖြစ်သည်။(ရှရ်ဟေဒါယာဟ်)

မဂ်ရိဗ်နမာဇ်အချိန်
မဂ်ရိဗ်နမာဇ်အချိန်သည် နေ၀င်ချိန်မှ စကာ အနောက်ဘက်အရပ်တွင် အနီရောင်သည် မိုးကောင်းကင်ပေါ်တွင် ပေါ်ထွန်းပြီးနောက် အဖြူရောင် အလင်းပေါ်ထွန်းသည်။ ၄င်အဖြူရောင်ကျန်ရှိနေသမျှ မဂ်ရိဗ်အချိန် သည်လည်းကျန်ရှိနေသည်။ မဂ်ရိဗ်နမာဇ်ကို နေ၀င်ပြီးလျှင်ပြီးချင်း အချိန်ဦးပိုင်းတွင် ဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။ (ဒုရ်ရေမုခ်သားရ်)

မဂ်ရိဗ်နမာဇ်အတွက် အဇာန်ဆိုပြီးနောက် နမာဇ် နှစ်ရကသ် ဖတ်နိုင်သည်ခန့် ဆိုင်းငံ့နေခြင်းသည် မက္ကရူဟ် မဖြစ်ပေ။ ၄င်းနောက် နှစ်ရကသ် ဖတ်နိုင်ခန့်ထက်ပိုအောင် အချိန်ဆိုင်းငံ့ဖတ်ခြင်းသည် မက္ကရူသန်ဇီဟီ ဖြစ်သည်။ ထို့နောက် ကြယ်တာရာများ စုံလင်စွာထွက်ပေါ်ချိန်အထိ ဆိုင်းငံ့ကာဖတ်ခြင်းသည်လည်း မက္ကရူသဟ်ရီမီ ဖြစ်သည်။(ဒုရ်ရေမုခ်သားရ်)

အေရှာနမာဇ်အချိန်
အေရှာနမာဇ်အချိန်သည် နေ၀င်ရာ အရပ်ရှိ အဖြူရောင်အလင်းတန်း ပျောက်ကွယ်သည့် အချိန်မှစကာ မနက်အာရုံမတက်မီအလျှင်အထိ အေရှာနမာဇ်အချိန် ဖြစ်သည်။ အေရှာနမာဇ်ကို ည၏သုံးပုံတစ်တွင် ၀တ်ပြုခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။ ည၀က်တွင် ၀တ်ပြုခြင်းသည် မုဗာဟ် ဖြစ်သည်။ ထိုထက်နောက်ကျကာ ၀တ်ပြုခြင်းသည် မက္ကရူသဟ်ရီမီဖြစ်သည်။ (ဒုရ်ရေမုခ်သားရ်)

ဝိသိရ်နမာဇ်အချိန်
ဝိသိရ်နမာဇ်အချိန်သည် အေရှာဝတ်ပြုပြီးနောက်တွင် အစပြုကာ မနက်အာရုံမတက်မီ အလျှင်အထိဖြစ်သည်။(အာလမ်ဂီရီ)

#....မိုးတိမ်များအုံ့ဆိုင်းနေပါက ဖဂျရ်၊ ဇဟိုရ် နှင့် မဂ်ရိဗ် နမာဇ်များအား အနည်းငယ်ဆိုင်းငံ့ကာဖတ်ခြင်းနှင့် အဆွရ်
နမာဇ်အား စောလျှင်စွာဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။(ရှာမီကျမ်း) နမာဇ်အချိန်များ အတိအကျကို သိရှိရန် ခက်
ခဲပါက အထက်ပါအတိုင်းကျင့်ဆောင်ရမည်။ 

၎င်းနောက်အချိန်များကို နာရီ အစရှိသည်တို့ဖြင့် အတိအကျသိရှိနိုင်ပါက စောင့်ဆိုင်း ၀တ်ပြုရန်မလိုအပ်ပေ။ ထို့ကြောင့် နမာဇ်အချိန်တိုင်းအား သတ်မှတ်ချိန် အတွင်ဖတ်ရပေမည်။ (သဆ်ွဟီဟူလ်အပ်ယလာသွ်)...#........

ကန်ဇုလ်မစာအိလ် အတွဲ ၁၊ စာမျက်နှာ ၉၀ မှကောက်နှတ်တင်ပြပါသည်။

Right Way Roi , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment