Pages

Pages - Menu

Thursday, March 13, 2014

ခရမ်းလွန်ရောင်ခြည်မြင့်တက်ခြင်းကြောင့် အရေပြားဆိုင်ရာ ကုသမှုခံရသူများလာ

နေပူဒဏ်ကာကွယ်ရန် ထီးဆောင်းပြီးသွားလာနေသည့် ကလေးငယ်နှစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ−ကျော်ဇင်သန်း
RangonNewsDaily: March . 13 .2014
အရေပြားဆိုင်ရာ အထူးကုဆေးခန်းများသို့ ရောက်လာသည့် လူနာများ၏ ၆၀ရာခိုင်နှုန်းခန့်သည့် ခရမ်းလွန်ရောင်ခြည်မြင့်တက်လာသောကြောင့် ဝေဒနာခံစားရမှု ပြင်းထန်ကာ ဆေးဝါးကုသမှုခံနေရသူများဖြစ်ကြောင်း အရေပြားအထူးကုသမားတော်ကြီး ဒေါက်တာမြတ်စန္ဒာကျော်က ပြောသည်။‘‘ဆေးခန်းကို ရောက်လာတဲ့ လူနာတွေထဲမှာ ၅၀ ရာခိုင်နှုန်းကျော်၊ ၆၀ရာခိုင်နှုန်းလောက်က ပုံမှန်ပြနေတဲ့ အရေပြားရောဂါခံစားရလို့ ပြနေသူတွေထက် ဒီရက်ပိုင်းမှာ ဆိုးလာလို့လာပြတဲ့သူတွေပဲ။ ဒါခရမ်းလွန်ရောင်ခြည် မြင့်လာလို့ပဲ’’ဟု ဒေါက်တာမြတ်စန္ဒာကျော်ကပြောသည်။

ခရမ်းလွန်ရောင်ခြည်သင့်ပါက လူ့အရေပြားများတွင် အနီကွက်များဖြစ်ကာ မိတ်ဖုကဲ့သို့ အဖုကလေးများ ဖြစ်ပြီးနောက် ယားယံလာကာ ကုတ်မိပါက အရေပြားရောင်လာတတ်ကြောင်း ၎င်းကပြောသည်။ ထို့အပြင် စနစ်တကျကုသမှုမရှိပါက အရေပြားကင်ဆာဖြစ်ပေါ်လာသည်အထိ ဆိုးရွားလာနိုင်သည်ဟုဆိုသည်။

ယခင်က အရေပြားပေါ်တွင် ရောဂါဖြစ်သောကြောင့် ဆေးရုံ နှင့် ဆေးခန်းများတွင် ပြသခဲ့သည့် လူနာများသည် ယခုအချိန်တွင် ခရမ်းလွန်ရောင်ခြည်မြင့်တင်လာသောကြောင့် ရောဂါဟောင်းပြန်ကြွကာ ဆိုးရွားလာလေ့ရှိသည်။ ထို့ကြောင့် အဆိုပါလူနာများသည် ရောဂါအခြေအနေဆိုးကာ ထပ်မံကုသမှုခံကြရသည့်ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။

‘‘အရင်က ဆေးကုဖူးတဲ့လူတွေကို ဒီလို ခရမ်းလွန်ရောင်ခြည် မြင့်တက်လာတဲ့ကာလမှာ ဆေးလျှော့သုံးဖို့မှာနေရတယ်။ အပူရှိန်ကြောင့် ဒီဆေးတွေသုံးရင် ပိုဆိုးမှာစိုးလို့။ မျက်နှာချေးချွတ်တာတို့၊ ပေါင်းတင်တာတို့ သတိထားရမယ်။ နေရောင်ခြည်ကို ကာကွယ်တဲ့ ရောင်ခြယ်ဆဲလ်တွေကုန်သွားတယ်။ ဒါကြောင့်လည်း အရေပြားရောဂါတွေဖြစ်တယ်’’ဟု အရေပြားအထူးကုဆရာဝန်တစ်ဦးကလည်းပြောသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံသည် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၃ ဖြစ်သည့် လွန်ကဲအဆင့်ရောက်နေပြီး ၁၄ သို့ ရောက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။

7Day Daily , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment