Pages

Pages - Menu

Tuesday, March 25, 2014

မန်ချက်စတာဒါဘီတွင် မန်စီးတီးက ပိုမိုရေပန်းစားနေသည် ဆိုခြင်းကို ပယ်လီဂရီနီပယ်ချ


RangonNewsDaily: March . 25 .2014
အိုးလ်ထရက်ဖို့ဒ်တွင် မိမိတို့က အသာစီးအခြေအနေ ရှိနေသည်ဆိုသော ခန့်မှန်းချက်များကို မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ငြင်းဆိုလိုက်သည်။
လက်ရှိရာသီ ရလဒ်များ ဆိုးရွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အတွက်ပင် မရေရာတော့သည့် မန်ချက်စတာ ယူနိုက်တက်သည် ခါးသီးလှသည့် မြို့ခံပြိုင်ဘက် အသင်းကို အိမ်ကွင်း၌ ယနေ့ည လက်ခံယှဉ်ပြိုင်မည် ဖြစ်သည်။

စနေနေ့က ဖူလ်ဟမ်ကို (၅-၀)ဖြင့် အနိုင်ရရှိထားသည့်နောက် ပယ်လီဂရီနီ၏ အသင်းသည် ယူနိုက်တက်အပေါ် (၁၂)မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်သည်။ အကယ်၍ အိုးလ်ထရက်ဖို့ဒ်တွင် အနိုင်ရခဲ့ပါက မန်စီးတီး၏ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး မျှော်လင့်ချက် ပိုမို အသက်ဝင် အားကောင်းလာရန် သေချာလျှက်ရှိသည်။

ပထမအကျော့က အစ်တီဟတ်တွင် ယူနိုက်တက်ကို (၄-၁)ဖြင့် အနိုင်ယူထားဖူးသည့်တိုင် ပယ်လီဂရီနီက ယူနိုက်တက်ထက် မိမိတို့ အသာစီး ရှိနေမည်ဟု မယူဆနိုင်ကြောင်း ပြောကြားခဲ့သည်။ “ပွဲတစ်ပွဲမှာ ကျွန်တော်တို့က ပိုပြီး ရေပန်းစားသလား၊ မစားသလား ဆိုတာကို ကျွန်တော် မသိဘူး။ လောလောဆယ် အသင်းအနေနဲ့ ကောင်းမွန်တဲ့ ပုံစံမျိုး ရရှိနေတယ်။


ဒါပေမဲ့ ကျွန်တော်တို့ဟာ အသင်းကြီး တစ်သင်းကို သူတို့အိမ်ကွင်းမှာ သွားကစားရမှာဆိုတာ မမေ့သင့်ပါဘူး။ ဒါကြောင့် ဒီပွဲမှာ ကျွန်တော်တို့ ပိုရေပန်းစားပါတယ်လို့ လုံးဝမထင်ဘူး”ဟု ပယ်လီဂရီနီက ဆိုသည်။

၎င်းက “ပွဲတိုင်းမှာ ကျွန်တော်တို့ အနိုင်ရလဒ်ကို မျှော်လင့်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော် ထပ်ပြောပါရစေ။ ယူနိုက်တက်ရဲ့ လက်ရှိဘောလုံးရာသီမှာ အခက်အခဲတွေ ကြုံနေတယ် ဆိုရင်တောင် ကျွန်တော်တို့ သေချာပေါက် နိုင်ပါမယ်လို့ အဓိပ္ပါယ် မရောက်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အဝေးကွင်းမှာ အကောင်းဆုံး ကြိုးစား ကစားသွားမှာပါ”ဟုလည်း ပြောကြားသွားခဲ့သည်။ 

Soccer Myanmar , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment