Pages

Pages - Menu

Tuesday, March 25, 2014

ဗန်ပါစီကို မလိုချင်သည့် အသင်းမျိုး မရှိနိုင်ဟု မိုယက်စ်ပြောကြား


RangonNewsDaily: March . 25 .2014
ရော်ဘင်ဗန်ပါစီကို အသင်းအားလုံးက လိုချင်နေသည်ကို မိမိသဘောပေါက်ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်
မိုယက်စ်က ပြောကြားလိုက်သည်။လတ်တလောတွင် ဒဏ်ရာကြောင့် အနားယူနေရသော နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး
သည် ရာသီကုန်တွင် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာမည်ဟု သတင်းကြီးနေသည့်တိုင် မိုယက်စ်ကမူ ၎င်းသည် အသင်းအနာဂတ်တွင် အရေးပါဆဲဟု သုံးသပ်ခဲ့သည်။ ဗန်ပါစီသည် အိုလံပီယာကော့စ်နှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် Hat-Trick သွင်းယူပြီးနောက် ဒဏ်ရာ
ရသွားကာ သီတင်း(၆)ပတ်မျှ အနားယူနေရသည်။
အသက်(၃၀)အရွယ် ကစားသမားသည်လာမည့်ရာသီယူနိုက်တက်ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါက အသင်းမှ ထွက်ခွာမည်ဟု သတင်း
များက သုံးသပ်ရေးသားလျှက်ရှိသည်။

မိုယက်စ်က “တိုက်စစ်အတွက် ဗန်ပါစီကို မလိုချင်ပါဘူးဆိုတဲ့ အသင်းမျိုး ဥရောပမှာ မရှိနိုင်ပါဘူး”ဟု ဆိုသည်။ ၎င်းက ဇန်နဝါရီ ဈေးကွက်တွင် အသစ်ခေါ်ယူထားသည့် ကွင်းလယ် ဖန်တီးရှင် ဟွမ်မာတာ အနေဖြင့်လည်း အနာဂတ်တွင် ဗန်ပါစီကို ပိုမိုထောက်

ပံ့ပေးနိုင်မည်ဟု ယုံကြည်ထားကြောင်း ပြောဆိုခဲ့သေးသည်။ “မာတာက (၂)နေရာ၊ (၃)နေရာလောက် ပြောင်းရွှေ့ကစားနိုင်တယ်။ ဒါကို ကျွန်တော်တို့ သိပြီးသားပါ။ 

ဒဏ်ရာအနာတရကင်းစင်တဲ့ ဘောလုံးရာသီဆိုတာမရှိနိုင်ပါဘူး။ကျွန်တော်အရင်ကတည်းက ပြောပြီးသားပါ။ ဗန်ပါစီ မရှိဘဲဖြစ်စေ၊
 ဝိန်းရွန်နီ မကစားနိုင်ဘဲဖြစ်စေ ကျွန်တော်တို့ ဖြတ်သန်းရမယ့် အချိန်တွေ အများကြီး ရှိပါတယ်။

ဒါကြောင့်လည်း ကျွန်တော်တို့ဟာ အသင်းကောင်း တစ်ခုကို တည်ဆောက်ဖို့ လိုတာပေါ့။ မာတာကိုလည်း ဒါကြောင့်ပဲ ခေါ်ယူဖြစ်
ခဲ့တာပေါ့။ စနေနေ့ကပွဲမှာ သူကစားတာ သိပ်ကောင်းပါတယ်။ ကိုယ်တိုင် ဂိုးသွင်းနိုင်ဖို့လည်း နီးစပ်ခဲ့သေးတယ်။

 ရေရှည်မှာ သူဟာ ဗန်ပါစီအတွက် ပိုပြီး အထောက်အပံ့ကောင်းတွေ ဖန်တီးပေးလာနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု
လည်း မိုယက်စ်က မှတ်ချက်ပြုသွားသည်။ 

Soccer Myanmar , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment