Pages

Pages - Menu

Sunday, March 2, 2014

ရေငုပ်သင်္ဘော မတော်တဆမှုကြောင့် အိန္ဒိယရေတပ်ဦးစီးချုပ် ရာထူးမှနုတ်ထွက်

RangonNewsDaily: March . 2 .2014
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အနီးရှိ ကမ်းခြေတွင် ရေငုပ်သင်္ဘောတစ်စင်း မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ရေတပ် စစ်သားနှစ်ဦး ပျောက်ဆုံးခဲ့ကာ တပ်သား အမြောက်အမြား ဒဏ်ရာရရှိခဲ့သဖြင့် အိန္ဒိယရေတပ်ဦးစီးချုပ် ရာထူးမှ နုတ်ထွက်ခဲ့သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှဆိုလိုက်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက် အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်လ အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သည့် မတော်တဆမှုများအတွက် မိမိတွင်ကျင့်ဝတ်အရ တာ ၀န်ရှိသဖြင့် တာဝန်ယူသည့်အနေဖြင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီကေဂျိုရှီက ဖေဖော်ဝါရီ ၂၆ ရက် က ရာထူးမှနုတ်ထွက်သွားခဲ့သည်ဟု ၀န် ကြီးဌာနထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ရေတပ် တပ်ဖွဲ့ဝင်ခုနစ်ဦးမှာ စစ်ရေး လေ့ကျင့်နေစဉ်အတွင်း အိုင်အန်အက်စ် ရှင်ဟူရက်နာ သင်္ဘော၏ အိပ်ခန်းများအတွင်းသို့ ၀င်ရောက်လာသည့် မီးခိုးများကိုထိန်းချုပ်ရန် ကြိုးစားရင်း အသက်ရှူ လမ်းကြောင်း နှင့်ပတ်သက်သည့် ဝေဒနာများကို ခံစားခဲ့ကြရသည်ဟု ရေတပ် သတင်းရပ်ကွက်များက ဆိုသည်။

အခြားတပ်သားနှစ်ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ သင်္ဘောမှာ မတော်တဆမှုအပြီး ဆက်လက်ခုတ် မောင်းနိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်သဖြင့် ဆိပ်ကမ်းသို့ပြန်လည် ခုတ်မောင်းလာခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်၊ သြဂုတ်လကလည်း လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် အိန္ဒိယ ရေတပ်သင်္ဘောပေါ် ၌ မီးလောင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးမွမ်ဘိုင်းရှိ ရေတပ်သင်္ဘောကျင်းတစ်ခုတွင် နစ်မြုပ်သွားခဲ့သည်။ ထိုအဖြစ်အပျက်တွင် ရေတပ်တပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့ရသည်။ ယခု ရေငုပ်သင်္ဘော မတော်တဆမှု သည် နောက်ဆုံး မတော်တဆမှုတစ်ခု ဖြစ်သည်။

အဆိုပါအဖြစ်ဆိုးသည် ၁၉၇၁ ခုနှစ် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံနှင့် စစ်ဖြစ်စဉ်က ပါကစ္စတန်ရေငုပ် သင်္ဘော ပစ်ခတ်သဖြင့် ရေတပ်သင်္ဘောများ နစ်မြုပ်ခဲ့သည့် အဖြစ်အပျက်ပြီးလျှင် အဆိုးရွားဆုံး အဖြစ် အပျက် ဖြစ်သည်။

mizzima , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment