Pages

Pages - Menu

Sunday, March 2, 2014

မီးသတ်ကားလာတဲ့အထိ မစောင့်ဘဲ အလိုအလျှောက် မီးသတ်တဲ့စနစ် တပ်ဆင့်သင့်ပြီလား


RangonNewsDaily: March . 2 .2014
မီးလောင်တဲ့အခါ မီးသတ်ကားတွေ မလာခင်စပ်ကြား အခြေအနေဆိုး
မသွားအောင် ထိန်းထားပေးနိုင်တဲ့ မီးသတ်စနစ်မရှိလို့ မြန်မာပြည်မှာ မီးလောင်မှုတွေများရတယ်ဆိုတာ ဟုတ်ပါရဲ့လား။
United Fire Protection အင်ဂျင်နီယာကုမ္ပဏီကတော့ အဆောက်
အအုံတွေမှာ အရေးပေါ် မီးသတ် စနစ်တပ်ဆင် သရုပ်ပြပွဲမှာ စနစ် ၁၁မျိုးတောင်ရှိတယ်လို့ ဆိုပါတယ်။

မီးခိုးနဲ့ မီးစွဲလောင်မှုဖြစ်တာနဲ့ အလိုအလျှောက်ရေပန်းတွေပွင့်ကျလာပြီး မီးလောင်မှုမကြီးမားအောင် ထိန်းချုပ်နိုင်ဖို့ အဆောက်အအုံတွေမှာ စနစ်တကျတပ်ဆင်နိုင်ဖို့ အကြံပေးနေရတယ်လို့ အောက်မြန် မာပြည် မီးသတ်ဌာနက ဆိုပါတယ်။

United Fire Protection နဲ့ စင်္ကာပူအခြေစိုက် Viking, Vanguard Fire System, Namleong ကုမ္ပဏီတွေ ပူးပေါင်းပြီး ရန်ကုန်မြို့ အင်ဂျင်နီယာအသင်းရုံးမှာ One-Stop မီးသတ်စနစ်ကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ စွမ်းအင်ဝန်ကြီး ဦးကျော်စိုးလည်း တက်ရောက်ခဲ့ပါတယ်။

မီးဘေးအန္တရာယ် ရုတ်တရက်ဖြစ်ပေါ်လာတဲ့အခါ ကာကွယ်နိုင်တဲ့စနစ်တွေကို စာသင်ကျောင်းတွေမှာ တပ်ဆင်သင့်ပြီး သင့်တော်တဲ့အဆောက်အဦးနဲ့ သင့်တော်တဲ့စနစ်ကို တပ်ဆင်ဖို့လိုတယ်လို့ ဆိုပါတယ်။

Kamayut Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment