Pages

Pages - Menu

Thursday, March 6, 2014

ဖုန်းဖြင့်လျှပ်စစ်မီတာခ ပေးဆောင်သည့်စနစ် ယခုနှစ် စမည်

RangonNewsDaily: March . 5 .2014
မိုဘိုင်းဖုန်းမှတစ်ဆင့် လျှပ်စစ်မီတာခ ပေးဆောင်နိုင်မည့်စနစ်ကို ယခုနှစ်အတွင်း ဆောင်ရွက်သွားရန်ရှိသည်ဟု ရတနာပုံတယ်လီပို့မှ သိရ သည်။''ဒီလထဲမှာ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြု လုပ်သွားဖို့ ရှိပါတယ်။ ဒီလို ဆွေးနွေးမှု ထဲမှာ မိုဘိုင်းကတစ်ဆင့် မီတာဆောင် နိုင်မယ့် စနစ်တွေ ပါဝင်ပါတယ်''ဟု ရတနာပုံ တယ်လီပို့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
မိုဘိုင်းငွေပေးချေမှုစနစ်များအတွက် ဘဏ်အများစုကို ဆွေးနွေး ညှိနှိုင်းထားပြီး အွန်လိုင်းငွေပေးချေမှုစနစ်ကို ဝန်ဆောင်မှု ပေးနေသည့် ဘဏ်များ အားလုံးပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

''ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အများပြည်သူသိအောင် ထုတ်ပြန်ကြေညာပေးသွားမှာပါ''ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ရတနာပုံတယ်လီပို့သည် လျှပ်စစ်သုံးစွဲခများကို အွန်လိုင်းမှ တစ်ဆင့်ပေးချေနိုင်မည့် ဝန်ဆောင်မှုပေးနေပြီး ဘီလ်စနစ်ဖြင့် သုံးစွဲသည့် မို
ဘိုင်းဖုန်းဘီလ်ဝန်ဆောင်မှု၊ ADSL လစဉ်ကြေးဝန်ဆောင်မှုများကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ CB ဘဏ်၊ မြန်မာအရှေ့ တိုင်းဘဏ်၊ ကမ္ဘောဇဘဏ်နှင့် ဧရာဝတီ ဘဏ်တို့နှင့် ပူးပေါင်း၍ ရတနာပုံ ဝက် (ဘ်) ပိုတယ်လ်မှ ဝန်ဆောင်မှု ပေးနေသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းမှ တစ်ဆင့် ငွေပေးချေမှု လုပ်ငန်းများကို ယခင်က လုပ်ကိုင်ခြင်းမရှိသေးသော်လည်း လက်ရှိတွင် မိုဘိုင်းဖုန်းကို အသုံး ပြု၍ နိုင်ငံတကာကို ဖုန်းခေါ်ဆိုနိုင်သည့် Y - talk စနစ်၊ မိုဘိုင်းဖုန်းအသုံးပြု၍ ငွေလွှဲပြောင်း လက်ခံနိုင်သည့် မိုဘိုင်းဘဏ်စနစ်များကို လုပ်ကိုင်လာသည့်အတွက် ယခုနှစ်တွင် ဝန်ဆောင်မှု ပေးတော့မည့် မိုဘိုင်းအော်ပရေတာများကြောင့် ပိုမိုတွင်ကျယ်လာဖွယ်ရှိသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။

Popular Myanmar  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment