Pages

Pages - Menu

Thursday, March 6, 2014

ငါးသောင်းပေါက်တယ်ဆိုတဲ့ထီ တိုက်ကြည့်မှ သိန်းထောင့်ငါးရာပေါက်မှန်းသိ


RangonNewsDaily: March . 5 .2014
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မတ်လ(၁)ရက်နေ့၌ အောင်ဘာလေထီကျပ်သိန်း(၁၅၀၀) ပေါက်သူ ကြင်စဦးဇနီးမောင်နှံကို မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေထီဆိုင် ကိုယ်စားလှယ်မှ တွတ်(၅)သောင်းသာ ရရှိသည်ဟု မှားယွင်းစွာအကြောင်းကြားမှု တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ပုသိမ်မြို့ကင်မလင်းကျွန်းရပ်ကွက်၊ ကန်သာယာ(၃)လမ်းနေကို ထိန်လင်းအောင်နှင့် မသော်တာတို့မှ ထီသိန်း(၁၅၀၀)ပေါက်သည်ကို အက္ခရာတူ ရှေ့နှစ်လုံးတူအဖြစ် တစ်စောင်ကို(၅)သောင်းကျပ်ဖြင့် (၅)စောင်တွဲအား(၂၅၀၀၀၀)ကျပ်ရသည်ဟု သွားရောက်အကြောင်းကြားရာမှ ပါလာသောထီပေါက်စဉ်ဖြင့် တိုက်ကြည့်ရာတွင် သိန်း(၁၅၀၀)ပေါက်သည်ကို သိရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မတ်လ(၁)ရက်နေ့ညနေ(၄)နာရီခွဲလောက်မှာ လာအကြောင်းကြားတာပါ၊ ကျွန်တော်က သူတို့လာပြောတော့ တစ်စောင်(၂)သိန်းဆိုရင်(၅)စောင်ဆိုတော့(၁၀)သိန်းမရဘူးလားဆိုတော့ သူတို့ကလည်းပါလာတဲ့ ထီပေါက်စဉ်ကိုထုတ်ပြပြီး ကျပ်သိန်း(၁၅၀၀)ဂဏန်းကို ဒီလိုတိုက်ရတယ်လို့ပြောရင်းနဲ့ ကြည့်လိုက်တော့ ကျွန်တော်ထိုးထားတဲ့(၅)စောင်တွဲမှာပေါက်ဂဏန်းပါနေတာသိရတာပဲ။”ဟု ပုသိမ်မြို့မှ ကျပ်သိန်း(၁၅၀၀)ထီ ပေါက်ခဲ့သူ ကိုထိန်လင်းအောင်က ပြောသည်။

အဆိုပါ ထီ(၅)စောင်တွဲအား ၄င်းတို့မင်္ဂလာဆောင်မည့် ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့နံနက်မတိုင်မီ ဖေဖေါ်ဝါရီလ (၁၉)ရက်ညပိုင်းက မင်္ဂလာဆောင်တွင်ကမ်းမည့်ကဒ်များ သွားယူစဉ် လမ်းတွင် ထိုးခဲ့ခြင်းဖြစ်ပြီး၊ မိသားစု အတွင်း၌ (၂) ကျပ်တန်ထီခေတ်ကလည်း အမြင့်ဆုံးဆုဖြစ်သည့်(၁၀)သိန်းဆု ပေါက်ခဲ့ဘူးကြောင်း ၄င်းက ဆက်ပြောသည်။

ပုသိမ်မြို့မှထီဆိုင်ကြီးများကို ရန်ကုန်ပင်ရင်းဆိုင်မှ ပေါက်ဂဏန်းထွက်ပြီး အချိန်ပိုင်းအတွင်း အကြောင်း ကြားလေ့ ရှိသော်လည်း ကိုယ်စားလှယ်များက မည်သည့်ဒေသမှပေါက်သည်ကို ဆက်လက် ကြည့်ရှုပြီး အကြောင်းကြားလေ့ရှိသည်။

ကိုယ်စားလှယ်များအကြောင်းကြားမှု ပျက်ယွင်းသဖြင့် ပေါက်သူမှာ မိမိထီပေါက်မှန်းမသိရှိသဖြင့် သိန်းဆုအကြီးစားများပင် မကြာခဏနိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူနေသဖြင့် ထီထိုးထားသူများအနေဖြင့် ကိုယ်စားလှယ်များအကြောင်းကြားသည်ကို မစောင့်ဘဲထီပေါက်စဉ် ၀ယ်ကာ တိုက်ကြည့် ကြစေလိုကြောင်း ပုသိမ်မြို့မှ ထီဆိုင်ပိုင်ရှင်များကဆိုသည်။

“ကျွန်တော်တို့က ထီပေါက်စဉ်နဲ့ တိုက်ကြည့်ပြီးမှ အရင်ဆုံးငါးသောင်းဆုကနေစပြီး တွတ်ရတဲ့ဆုသေးတွေကို လိုက်လျှော်ပေးတယ်။ အဲ့ဒီနေ့ကလည်းတွတ်(၅)သိန်းရတဲ့ လူတစ်ယောက်ကို သွားပေးရင်းနဲ့ ၀င်သွားတာပါ၊ ကျွန်တော်တို့ သိန်း(၁၅၀၀)ပေါက်နေ တယ်ဆိုတာ အဲ့ဒီအချိန်ထိမသိခဲ့ပါဘူး။

လိမ်ချင်ရင်တော့ သူတို့ငြင်းတဲ့ (၁၀)သိန်းကို ချက်ချင်းပေးခဲ့မှာပေါ့ဗျာ။ ပါသွားတဲ့ထီပေါက်စဉ်တောင် ထုတ်မပြဘူး။”ဟု သိန်း(၁၅၀၀)ဆုကို မှားယွင်းကာသွားရောက်ပေးလျှော်ခဲ့သူ ပုသိမ်မြို့မှ ထီကိုယ်စားလှယ် ကိုစိုးသူကျော်ကပြောသည်။

မတ်လ(၁)ရက်နေ့က (၃၀၂) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲ တွင်ကျပ်သိန်း(၁၅၀၀)ဆုမဲအဖြစ်(တ-၆၅၆၉၉၈) ထွက်ပေါ်ခဲ့ကာ ပုသိမ်မြို့တွင် ယခုတစ်ကြိမ်ကျပ်သိန်း(၁၅၀၀)ဆု မဲပေါက်ခဲ့မှုမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ပုသိမ်မြို့ရှိ ထီဆိုင်ပိုင်ရှင်များထံမှသိရသည်။

Shwe Myitmakha Media  , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment