Pages

Pages - Menu

Monday, March 24, 2014

ဇိမ်ခန်းများနှင့် ပတ်သက်ပြီး ပြန်လည်ဖြေရှင်းခဲ့သည့် ဘုရင့်နောင်ရဲစခန်း


RangonNewsDaily: March . 24 .2014
ရန်ကုန်မြို့ရှိ ဘုရင့်နောင် ပွဲရုံဝင်းအတွင်းမှာ KTV ၊ အနှိပ်ခန်းတွေအများအပြားပေါ်ပေါက် လာပြီး ၀င်းအတွင်းမှာရှိတဲ့ လုပ်ငန်း
ရှင်တွေနဲ့ နေထိုင်သူတွေမှာအန္တရာယ်တွေ ရှိလာတဲ့အတွက် တာဝန်ရှိသူတွေထံကို KTV ၊ အနှိပ်ခန်းတွေ အပြီးအပိုင်ဖျက်သိမ်းပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ ပါတယ်။
မတ်လ ၂၁ ရက်နေ့က ဘုရင့်နောင်ရဲစခန်းမှ တာဝန်ရှိသူတွေက အဆိုပါ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းလင်းမှု တစ်ရပ်
ကို ပြုလုပ်ခဲ့ပါတယ်။ ဘုရင့်နောင်ပွဲရုံမှာ တိုင်းဗီဒီယို အစည်းအရုံးကနေ တရားဝင်ဖွင့်လှစ် ခွင့်ပြုထားတဲ့ KTV (၃)ခုပဲရှိတယ်လို့ သိရပြီးအနှိပ်ခန်းလို့ အမည်ပေါက်တဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ဖမ်းဆီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေ
တယ်လို့ သိရပါတယ်။ 

၂၀၁၃ ခုနှစ်မှာအနှိပ်ခန်း(၉)ခုနဲ့ ၂၀၁၄ ခုနှစ်မှာအနှိပ်ခန်း (၇)ခန်းကို ဖမ်းဆီးရရှိခဲ့ပါတယ်။ဆက်လက်ပြီး ဘုရင့်နောင်ဝင်း
အတွင်း
မှ လူတွေရဲ့ တောင်းဆိုမှုကြောင့် KTV ၊ အနှိပ်ခန်းများကို ဧပရယ်လအတွင်းအပြီး ပြတ်ရှင်းလင်းသွားမယ်လို့ သိရပါတယ်။ 

Mrtv-4 , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment